စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပျူစောထီးရွာများအတွက် ရိက္ခာရှာနေကြောင်းသိရသည်။
ဇွန်လ ၆ ရက်နေ့မှစ၍ ပုလဲမြို့နယ် ပျူစောထီးရွာများဖြစ်သည့် အင်မထီးရွာ နှင့် ဇီးဖြူကုန်းရွာအတွက် စစ်သားနှင့်ပျူစောထီးစုစုပေါင်းအင်အား၁၀၀ခန့်တို့ က ရိက္ခာရှာနေခြင်းဖြစ်ကာ အင်မထီးရွာအတွက်ရိက္ခာအလုံအလောက်ရရှိပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၀) တပ်ရင်းမှူးရဲဘော်ပေထံက သိရသည်။
စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာမဟုတ်သောရွာများထဲသို့ ဝင်ရောက်လုယက်ကာ ရိက္ခာရှာနေခြင်းဖြစ်ပြီး ရွာများအား မီးရှို့ခြင်းတော့မရှိပေ။
” အင်မထီးရွာက အလုံအလောက်ရပြီးတော့ ဇီးဖြူကုန်းရွာအတွက်မရသေးလို့ ဇီးဖြူကုန်းရွာမှာ ဝပ်နေတယ်။ ဒါကြောင့် နေ့တိုင်း အခြားရွာတွေမထွက်နိုင်ဘူးလေ။ ဇီးဖြူကုန်းရွာ ဝန်းကျင်က ရွာတွေဆို ရှောင်နေရတုန်း ” ဟု ယင်းမာပင်ခရိုင်အမှတ်(၁၀)တပ်ရင်းမှူး ရဲဘော်ပေက MPA ကိုပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် ဇီးဖြူကုန်းရွာတွင် ရောက်ရှိနေသောကြောင့် ဇီးဖြူကုန်းရွာဝန်းကျင်ရှိ ရွာ ၇ ရွာမှ ဒေသခံ ၅၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” ဘေးနားက ရွာတွေ ရှောင်နေရတာ ၆ ရက်လောက်ရှိပြီ။ ဇီးဖြူကုန်းမှာဝပ်နေရခြင်းကပတ်ပတ်လည် မှာ PDFတွေ ဝိုင်းထားလို့ပါ ။ပျူတွေက ရွာထဲက ထွက်အလာ PDF က ဝိုင်းပစ်တော့စစ်တပ်က ပြန်ပစ် ပြီး ရွာထဲကို ပြန်ဝင်တာခဏပဲ တုံ့ပြန် တိုက်တာ ” ဟု ၎င်းက ဆိုသည်။
ယင်မာပင်ခရိုင်၊ ပုလဲမြို့နယ်ကိုယ်စားပြု PDFတပ်ရင်း ၅ ရင်းU ဇီးဖြူကုန်းရွာကို ဝိုင်းထားခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရကာ PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း ရဲဘော်ပေ က ပြောသည်။