စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျေး ရွာ ၄ ရွာ စုပေါင်းကာ လူအင်အား၅၀၀ခန့်ဖြင့် ယနေ့ ( ဇွန် ၂၁ ရက်) နံနက်ပိုင်းတွင် ဆုတောင်းသပိတ်ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းဆုတောင်းပွဲတွင် ဒေသခံကလေးငယ်များက ‘အမေစုကျန်းမာပါစေ’၊ ‘အမေစု အမြန် လွတ် မြောက်ပါစေ’ဟု ရေးသားထားသည့် ဘန်နာများကိုင်ဆောင်ထားကြပြီး ကနီသပိတ်အင်အားစု ဦး ဆောင်ဆရာတော် မင်္ဂလာ အိုင်သာဆရာတော် (သာသနဓဇဓမ္မာစရိယ)က တော်လှန်ရေးဩဝါဒ မိန့်ကြားခဲ့ကြောင်း ကနီတက်ကြွလှုပ်ရှားသူ ပြည့်အောင်နိုင်(ကနီ)ကပြောသည်။
” ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ေကျာင်းသား ပြည်သူတွေ ကောင်းရာရောက်စေဖို့ ရယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသော သူတွေ ဘေးကင်းကျန်းမာစွာ လွတ်မြောက်ရေး အတွက် ပါဗျ ” ဟု၎င်းက ပြောသည်။
ဆုတောင်းသပိတ် လှုပ်ရှားမှုတွင် ကနီသပိတ်အင်အားစု ဦးဆောင်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြပြီး သပိတ်အင်အားစုအဖွဲ့ဝင် ပန်တျာနိုင်အောင်က တော်လှန်ရေး တေးသီချင်းများဖြင့် ကပြခဲ့သည်။