ယနေ့ ဇွန်လ ၁၈ရက်နေ့ ညပိုင်းတွင် ထိုင်နိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်ဈေးလမ်းရှိ ဓါတ်တိုင်များတွင် ဝါယာရှော့ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။
“ ကျွန်မတို့က ဈေးလမ်းထဲ ချိုးဝင်တော့ ညှော်နေလို့ ဘေးဘီကို ကြည့်လိုက်တာ အပေါ်မှာ ဝါယာကကြိုးတွေ မီးလောင်နေတာ။ အစက တွေ့တွေ့ချင်း ဓါတ်တိုင်ကပဲ ဖြစ်နေတယ်ထင်တာ။ နောက်တော့မှ ဓါတ်တိုင်က ၃တိုင်တောင် ရှော့ဖြစ်နေတာ။ဒုတိယမြောက် ဓါတ်တိုင်က မီးစတွေက အောက်ကို ကျပြီး အမှိုက်တွေမှာပါ မီးစွဲနေပြီ “ ဟု ဝါယာရှော့ ဖြစ်စဉ်အား မျက်မြင်ကြုံတွေ့သည့် မြန်မာ တစ်ဦးမှ ပြောသည်။
လက်ရှိချိန်တွင် ထိုင်းပုလိပ်များမှ မဲဆောက်ဈေးလမ်းအတွင်းရှိနေေအိမ်နှင့် ဈေးဆိုင်လိုင်းခန်းတွဲများတွင် နေထိုင်သူများအား မီးဘေး လွတ်ရာသို့ ရှောင်တိမ်းခိုင်နေကြာင်း သိရသည်။
” ဒီနေ့က မိုးလည်းရွာတော့ အန်တီတို့က ဈေးသိမ်းတာ နည်းနည်းစောတယ်။ ခုဏကမှ ညှော်လို့ အိမ်အပြင်ထွက်ကြည့်တော့မှ ဝါယာတွေ ရှော့ဖြစ်နေတာ တွေ့တာ။ အခု ဝါယာကြိုးတွေက ပျက်ကျကုန်ပြီ။ သက်ဆိုင်ရာကိုတော့ ဖုန်းလည်း ဆက်ထားတယ်။အခုတော့ ပုလိပ်တွေ ရောက်နေပါပြီ။ သူတို့ စစ်ဆေးနေပြီ” ဟု ဈေးလမ်းတွင် နေထိုင်သည့် မြန်မာ အမျိုးသမီး ဈေးသည်တစ်ဦးမှ ပြောသည်။
မဲဆောက်မြို့ရှိ မဲဆောက် ဈေးလမ်းတွင် မြန်မာနိုင်ငံသားများ အများစုနေထိုင်ကာ ဈေးရောင်းချခြင်း၊ ငွေလွှဲ ငွေထုတ်သည့် ဝန်ဆောင်မှုများ ပေးခြင်းတို့ လုပ်ဆောင်ပေးလျက် ရှိကြသည်။