စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊တိုက်နယ်နှစ်ခုက အမျိုးသမီးထုများ ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်၏၇၈နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပဒုမ္မာကြာပန်း ၇၈ ပွင့် ဘုရားတွင်ကပ်လှူကာ ပန်းသပိတ်ဆင်နွှဲကြောင်းသိရသည်။
ယနေ့(ဇွန်၁၉ရက်)တွင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တစ်နေရာ၌ ပန်းသပိတ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
“ ပုံမှန်အတိုင်းစီတန်းလှည့်လည်ပြီးတော့သပိတ်အထိုင်ချဟောပြောပွဲလုပ်ပြီးမူလနေရာကို ပြန်တယ်။ ပဒုမ္မာကြာ ၇၈ ပွင့်ကိုအမေစုအတွက်ရည်စူးပြီးဘုရားကပ်တယ်” ဟု သပိတ်တွင်ပါဝင်ခဲ့သူတစ်ဦးကပြောသည်။
အရာတော်မြို့နယ်ပန်းသပိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကဝန်းရံပေးခဲ့သည်