မန္တလေးမြို့လမ်းပေါ်တွင် အမျိုးသား ၃ဦးကို စစ်ကောင်စီတပ် ကအရပ်ဝတ်ဖြင့် ယနေ့(ဇွန်၁၇ရက်)ဖမ်းဆီးသွားကြောင်းသိရသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊၆၉လမ်း၊ ၃၈လမ်းနှင့် ၃၉လမ်း ကြားရှိ ကာဗာနန်းတော်အနီးတွင် ယနေ့ နံနက် ၉နာရီခန့်က လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ကအရပ်ဝတ်များဖြင့် သေနတ်နှင့်ပစ်ဖမ်းကာ လက်ထိပ်ခတ်ပြီး လူနာတင်ကားပေါ် တင်သွားကြောင်း တော်လှန်ရေးစာမျက်နှာ Voice Of Mandalay 4 မန္တလေးမြေပြင်သတင်းများတင်ဆက်နေသည့်အဖွဲ့ထံကသိရသည်။
ထို့အပြင်မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်တွင် ယနေ့နံနက် ၁၁နာရီခန့်က Delivery ပို့သူအသက် ၃၀ အရွယ်အမျိုးသားနှစ်ဦးကို အရပ်ဝတ်များဖြင့် ဖမ်းဆီးသွားသည့်အပြင် Deli ပို့သည့်ခွေးဘီလူးကားကိုလည်းသိမ်းသွားကြောင်းသိရသည်။
“ ဘာသတင်းရလို့လည်းမသိဘူး။ ဆက်စပ်နဲ့ပါနေတာနဲ့တူတယ်၊စုစုပေါင်း ဒီလထဲ ၃၀အနည်းဆုံးရှိတယ်။(မန္တလေးမြို့ပေါ်ဖမ်းဆီးခံရခြင်း) အရပ်ဝတ်နဲ့စောင့်ဖမ်းတာ။ နေရာအတိအကျ ဝတ်စုံအပြည့်နဲ့အင်အားသုံးလာဖမ်းတာတွေရော” ဟု မန္တလေး UG ရဲဘော်တဦးကပြောသည်။
ရပ်ကွက်အတွင်း အချိန်ကြာကြာပျောက်နေပြီးမှ ပြန်ရောက်လာသူများကို ရပ်ကွက်သတင်းပေး တို့၏ တိုင်ကြားချက်အရ ဖမ်းဆီးခံရခြင်းများလည်းရှိကြောင်း သိရသည်။