မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အခွန်ရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်းတစ်ဦး၏ခြေထောက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် ၊မြို့သစ် (၁)ရပ်ကွက်၊ ၆၀ လမ်း၊ ၁၀၁ Aနှင့် ၁၀၂ လမ်းကြားရှိ အလယ်အလတ် အခွန်ဝန်ထမ်းများ ဆိုင်ရာ အခွန်ရုံး တွင် ယနေ့(ဇွန်၁၅ရက်)နံနက် ၁၀နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ဗုံးကွဲသံတော့ကြားလိုက်တယ်၊ဘယ်သူတွေလာပစ်သွားတယ်ဆိုတာတော့မသိလိုက်ရဘူး” ဟု ၎င်းကပြောသည်။
အခွန်ရုံးဗုံးပေါက်ကွဲမှုကြောင့် ကားပါကင်မှကားနှစ်စီးလည်းထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
အခွန်ရုံးဗုံးခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သလဲဆိုသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။