စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသော ကျေးရွာမှ အိမ်ထောင်စု ၁၁၅စုကို ဇွန်လ(၁၃)ရက်နေ့က ရိက္ခာထောက်ပံ့ခဲ့ကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံက သိရသည်။
“ ရွာကမီးရှို့ခံထားရတာကြာပြီ။ လတ်တလောတော့ မိုးကာလိုတာတို့ ဘာတို့ဆိုတဲ့ အခက်အခဲတွေတော့ ထွေထွေထူးထူးမရှိပါဘူး။ ကော်မတီအနေနဲ့ ပြည်သူတွေဒုက္ခရောက်ချိန်မှာ တသားတည်းရှိနေတယ်ဆိုတဲ့ အသိလေးသိစေချင်လို့ပါ” ဟု ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်က MPA သို့ပြောသည်။
လူဦးရေ ၆၀၀နီးပါးရှိသောအိုးအိမ်မဲ့သူများကို အိမ်ထောင်တစ်စုလျှင် ဆန်တစ်ပြည်၊ ဆီတစ်ဗူး၊ ဆားတစ်ပိဿာ၊ ဟင်းချိုမှုန့်တစ်ထုပ်၊ ကြက်သွန်နီတစ်ပိဿာ၊ ပဲတစ်ပြည်၊အသားတု၊ကြာဇံထုပ် ဖျာတချပ်နှင့်ခြင်းတောင်းတို့ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက သည်။
ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးေဆာင်ေကာ်မတီသည် ဝက်လက်မြို့နယ်အတွင်း လူထုလှုပ်ရှားမှုပြန်လည်အားကောင်းစေရန် သပိတ်များ ဖော်ဆောင်ခြင်း၊ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများကို တတ်နိုင်သမျှကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။