ချင်းကာကွယ်ရေးတပ်မတော် (မင်းတပ်) ၏ “အားယူထပျံ အောက်ချင်းအားမာန်” သိန်း ၅၀၀၀ ကျပ် ကမ်ပိန်းအတွက် ကျင်းပပြုလုပ်သည့် တပ်ဦးတေးဂီတပွဲတော်အား Zoom VIP Room မှ နားဆင်ကြည့်ရှုလိုသူများအတွက် VIP Ticket များ ရောင်းချပေးနေပြီဖြစ်ကြောင်း Chin Defence Force (Mindat) ထံမှ သိရသည်။
တပ်ဦးတေးဂီတပွဲတော်ကို Guys From Chin မှ Salai Thawng Bawi၊ David Lai နှင့် Benjamin Suum တို့က ဖျော်ဖြေသွားမှာဖြစ်ပြီး ကမ်းပိန်းအား လာရောက်လှူဒါန်းကြသည့် အလှူရှင်များနှင့် ပြည်သူလူထုအား ခေတ္တခဏဖြစ်စေ အပင်ပန်းပြေ၊ စိတ်ပျော်ရွှင်မှုရစေချင်သည့်အတွက် ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်သည်ဟု ဆိုသည်။
“Ticket ကတော့ အများကြီး မရောင်းကြပါဘူး။ Concert ကို live လွှင့်ကြမှာပါ။ Zoom နဲ့ဆို ပွဲပြီးရင် အဆိုတော်တွေကို စကားပြောနှုတ်ဆက်လို့လည်း ရအောင် VIP ပုံစံလုပ်ပေးလိုက်တာပါ” Campaign Organizer တစ်ဦးဖြစ်သည့် John Ki Ling က MPA သို့ ပြောသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲအား ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး VIP Ticket လက်မှတ် ၁ စောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် တစ်ရက်လျှင် လက်မှတ် ၅၀ ရောင်းချသွားမည်ဟု သိရသည်။
“အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းအနေဖြင့် ယခုအချိန်အထိ target ၏ ၃၀ ရာခိုင်နှုန်းကျော်သာ ရန်ပုံငွေရရှိထားပြီး သတ်မှတ် target ပြည့်မီရန် ၆၀ ရာခိုင်နှုန်းကျော် လိုအပ်နေသေးသည်ဟု စုံစမ်းသိရှိရသည်။