စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနီးရှိ အရှေ့တပ် (လေ့ကျင့်ရေး-၁၀တပ်) ကို ၁၀၇(မမ)လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ ကြောင်း Danger Force LPDFက သတင်းထုတ်ပြန်သည်။
ဇွန်လ၆ရက်၊ မွန်းလဲ ၂နာရီ ၄၁မိနစ်ခန့်က အဖွဲ့ တည်ထောင်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၁၀၇(မမ)လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ လမ်းကြောအခြေအနေကြည့်ပြီး ၁၀၇(မမ) တစ်လုံးသွားပစ်တာဗျ။ အဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းမှတ်နှင့် ကျဆုံး ရဲဘော်များ အတွက် မစ်ရှင်ပြုလုပ်ခဲ့တာပါဟု” Danger Force LPDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီး ဖြင့် ၆ကြိမ် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စောင့်ကြည့်ကင်းထောက်တို့၏ သတင်းပေးပို့မှုအရ ဒဏ်ရာရစစ်သားများနိုင်ပြီး သေဆုံးမှုလည်း ရှိ နိုင်ကြောင်း Danger Force LPDF ကထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆)နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။