စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ချောင်းဦးဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ သံပြားကာဂျမ်ဘာကား၁စီးကို ထိထိမိမိမိုင်းဆွဲနိုင်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၄ရက်နေ့၊ မွန်းလွဲ ၂နာရီ မိနစ်၄၀ခန့်တွင် မုံရွာမြို့မှ ထွက်လာသည့် သံပြားကာဂျမ်ဘာကား ၂စီးကို မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်းများဖြင့် အဆင့်ဆင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်စီး ထိမှန်ခဲ့ကြောင်း Monywa Revolution Force- MRFက သတင်းထုတ်ပြန်သည်။
“ မုံရွာကနေ ချောင်းဦးဘက်ကိုသွားတဲ့ ကားတွေဗျ။ ပဒေသာမိုင်း ၇ လုံးနဲ့ လမ်းေကြာင်း ကြိုတင်သတင်းရလို့ ကင်းပုန်းတွေကြားကနေ အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ကားကိုတော့ထိမိအောင် ဖောက်ခွဲနိုင်လိုက်တယ်။ “ ဟု Monywa Revolution Force-MRFအဖွဲ့တာဝန်ခံ ရဲဘော်မီးပွားက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ သေဆုံး၊ထိခိုက်မှု ရှိနိုင်သော်လည်း အရေ အတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။
“ မိုင်းဆွဲခံရပြီးချင်း သူတို့ဘက်က တရစပ်ပြန်ပစ်လို့ ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရတယ်။ ထိခိုက်အကျအဆုံးကို အတည်မပြုလိုက်နိုင်ဘူး။ နယ်မြေအခြေအနေအရ နောက်ဆက်တွဲသတင်းမလိုက်နိုင်ခဲ့ဘူးဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို Monywa Revolution Force ၊အရိပ်မဲ့တစ္ဆေ အထူးပြောက်ကျားတပ်ဖွဲ့ ၊ People’s Youth Defence Force ၊ ရန်ရှင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် မုံရွာခရိုင် အမှတ်(၅)တပ်ရင်း( Aung San Force )မဟာမိတ်ညီနောင် ၅ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။