NUG၊အမှတ် (၃) စစ်ဒေသခွဲ နယ်မြေ စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး သင်တန်း အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲကို ဇွန်လ ၄ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းသင်တန်း ကို ဒူးပလာယာ ခရိုင်၊ KNDO တပ်မဟာ ( ၆ ) <တပ်ရင်း (၆) ဒေသ တာဝန်ရှိ အကြီးအကဲများ ၏ ခွင့်ပြု အကူအညီပေးမှုဖြင့် ဧပြီလ မှစတင်ကာ မေလ တတိယပတ်အထိ သင်ကြားပို့ချခဲ့ကြောင်း ဂဠုန်စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး နည်းပညာသင်တန်း အပတ်စဥ် (၁)ကို ဒေါနစစ်ကြောင်း၊ကျားဖြူစစ်ကြောင်း၊နဂါးဖြူစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊နဂါးနီစစ်ကြောင်း၊တောင်ညိုစစ်ကြောင်း၊SOF၊ဂဠုန်စစ်ကြောင်း နှင့် ပုသိမ်ခရိုင်တပ်ရင်းတို့မှ PDFရဲဘော် ၄၈ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
“ ဆက်သွယ်ရေးသင်တန်းက အမှန်တကယ်လိုအပ်တဲ့သင်တန်းပါ။ ဗျူဟာမြောက် စစ်ရေးဖော်ဆောင်နိုင်ဖို့ ရန်သူ့သတင်းအချက်လက်ရရှိဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ အချိတ်အဆက်မိဖို့ ဆက်သွယ်ရေးနည်းပညာတွေတကယ်တတ်ကျွမ်းဖို့ သင်ကြားပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ကွပ်ကဲမှုခံယူထားသော စစ်ကြောင်းများမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုစွမ်းရည်ပြည့်ဝလာစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။