မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အနောက်ဘုန်းကံကျေးရွာ၌ ပျူစောထီးသင်တန်းပေးနေစဉ် တာဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အနောက်ဘုန်းကံရွာတွင် စစ်သားနှင့်ပျူစောထီးတို့ စစ်သင်တန်းပေးနေသည့် ဇွန်လ၂ရက်နေ့၊နံနက် ပိုင်းတွင် တာဝေးပစ်ရှေ့တိုက်ဒုံး၄လုံး ပစ်ခတ်ခဲ့ပြီး ညနေပိုင်းတွင် ၅လုံး ပစ်ခတ်ခဲ့ကြောင်း Pakokku Special Task Force(ပကဖ- PSTF) ကထုတ်ပြန်သည်။
“ အင်အား ၄၀ဝန်းကျင်လောက်ရှိမယ်။ အဓိကကတော့ အဲ့ပျူရွာက စစ်ကြောင်းထိုးတိုင်း ပြည်သူတွေပစ္စည်းဥစ္စာတွေယူတယ်၊ မီးရှို့တယ်။ပြီးတော့ စစ်ကောင်စီတပ်ကလည်း အဲ့ရွာကို ခံစစ်ကောင်းကောင်းယူပြီး ပြည်သူတွေကို ဖိနှိပ်တာတွေ လုပ်နေတာကြောင့် သွားရောက်တိုက်ခိုက်ရခြင်းဖြစ်တယ်” ဟု Pakokku Special Task Force တာဝန်ခံ ရဲဘော်ရန်ေနာင်က MPAသို့ပြောသည်။
ရှေ့တိုက်ဒုံးများသည် အနောက်ဘုန်းကံရွာအတွင်းရှိ ရန်သူစခန်းနှင့် သင်တန်းပေးနေသော ကျောင်း အဆောင်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး၊ထိခိုက်သတင်းကိုမူ မသိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကို Pakokku Special Guerrilla Force(ပကဖ-PSGF)၊ Bagan & Nyaung-U people defense force၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ King Fighter (PDF) ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် Ba Nyein Guerrilla Force အဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။