မိုးတွင်းကာလတွင် ထောက်ပို့ သွားလာမှု လွယ်ကူစေရန်အတွက် Double cup 4 wheels ကားတစ်စီး လိုအပ်နေကြောင်း တကောင်း ပကဖ တာဝန်ယူရှိသူ တစ်ဦးထံက သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ရှိတော်လှန်ရေးအင်အားစုများ၏ သွားလာရေး၊ ရိက္ခာ၊ ခဲယမ်းထောက်ပို့နှင့် စစ်ကူ စသည့် ကိစ္စများ အဆင်ပြေစေရေးအတွက် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
” မိုးရာသီ အစမှာပဲ သွားရေးလာရေး အခက်အခဲတွေရှိတယ်။ ထွန်စက်နဲ့တောင် အဆင်မပြေဘူး၊ 4 Wheelsတောင် ချိန်းပတ် ပတ်ပြီးမှ မောင်းလို့အဆင်ပြေမှာ ” ဟု တကောင်း ပကဖ ၊ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်မာမီ က MPAသို့ပြောသည်။
ယင်း ကားမှာကျပ် သိန်း(၁၅၀) ကျသင့်မည်ဖြစ်ပြီးပြည်တွင်း၊ပြည်ပမှ ပြည်သူများ ကူညီပေးကြရန် လေးစားစွာ အကူအညီတောင်းခံကြောင်း တကောင်းပကဖ က ထုတ်ပြန်ထားသည်။
“စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ထောက်ပို့မြန်ဆန်ဖို့ အဓိကကျပါတယ်။ဒီကားကို တစ်မြိုနယ်လုံးမှာရှိတဲ့ ပကဖ အင်အားစုတွေ အကုန်အသုံးပြုသွားမှာဖြစ်ပြီး အကျိုးရှိရှိအသုံးချသွားမှာဖြစ်ပါတယ်ဗျ”ဟု တကောင်းပကဖ ကထုတ်ပြန်သည်။
ပြည်သူတို့၏ထောက်ပံ့ငွေ ကျပ်သိန်း၁၅၀ ထက်ပိုခဲ့လျှင် ခဲယမ်းဝယ်ယူသွားမည်ဟုလည်း ဆိုသည်။
သပိတ်ကျင်းမြို့နယ်တွင် မေ လအတွင်း တကောင်းပကဖနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ မကြာမဏ ဖြစ်ပွားခဲ့သလို ၊ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်သားများ သေဆုံးမှု ရှိခဲ့သေးသည်။