မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မေလ ၁၇ ရက် ညနေ ၆နာရီခွဲခန့်အချိန်မှစတ င်ပြီး MPT ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများက အတည်ပြုပြောသည်။
“ ညနေ ၆နာရီကျော်အချိန်လောက်မှာ ဖုန်းပြောနေတုန်း Mpt က တိုင်ပျောက်ပြီး လိုင်းပျက်သွားတာ အခုထိတော့ လိုင်းတိုင်က မပေါ်လာသေးဘူး။” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုဂန့်ဂေါမြို့နယ်တွင် MPT ဖုန်းလိုင်းများသည် ယခင်ကတည်းက မကြာခ ဏပျက်နေပြီး မိုခါမုန်တိုင်းကြောင့် အပျက်အစီးပိုများကာ ရက်ရှည်ပျက်နိုင်ကြောင်းလည်း MPTတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုအပြင်ဂန့်ဂေါမြို့နယ်နေရာတချို့တွ င် ATOM လိုင်းမိပြီး နေရာအများစုတွင် ဖုန်းလိုင်းများပြတ်တောက်နေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ထိုဖုန်းလိုင်းများ ပြတ်တောက်နေမှုများကြောင့် စစ်ကောင်စီစစ်ကြောင်းအန္တာရယ်များနှင့်လေကြောင်းတိုက်ခိုက်မှုများအတွက် စိုးရိမ်းနေရကြောင်းလ ည်း ဒေသခံပြည်သူများက ဆိုကြသည်။