မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ဥပုဿ်တော်ရပ်ကွက်ရုံးထဲရှိ စစ်သားများကိုလျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship Peoples Defense Force က သတင်းထုတ်ပြန်သည်။
အောင်မြေသာဇံမြို့နယ်၊၇၃လမ်း၊၇၄လမ်းကြား၊၈လမ်း ၊၉လမ်းကြားရှိဥပုဿ်တော်ရပ်ကွက်ရုံးထဲက စစ်သားများကိုမေလ ၁၈ရက်နေ့၊ ည၈နာရီခန့်တွင် လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
‘လျက်ဆားပုလင်းနဲ့ ပစ်ပြီးချက်ချင်းထွက်လာတော့သူတို့ဘက်က ပြန်တုံ့ပြန်တာမရှိပါဘူး၊လျှပ်စစ်မီးလည်းပျက်နေတဲ့အချိန်ပါ၊ထိခိုက်မှုစာရင်းကမသိရသေးပါဘူး” ဟု No More Dictatorship Peoples Defense Force တာဝန်ခံ Zeus ကပြောသည်။
လျက်ဆားပုလင်းဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကားများရောက်ရှိလာကာ လမ်းသွားလမ်းလာများ အား စစ်ဆေးခဲ့သလို ညနက်ပိုင်းတွင်လည်း ဧည့်စာရင်းစစ်ဆေးမှု ရှိကြောင်း ၎င်းကပြောသည်။
ပြည်သူများအနေ ဖြင့် စစ်ကောင်စီတပ်ယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့နေသည့်ရုံးများ၊စစ်သား၊ရဲ၊ပတ်ကင်း၊အထိုင်ကင်းများနှင့်ဝေးဝေးနေကြရန် No More Dictatorship Peoples Defense Force ကသတိပေးထားသည်။