မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ဆူးတောကျေးရွာအနီးတွင် မေလ ၅ရက်၊ယမန်နေ့ မနက် ၉ နာ ရီအချိန်ခန့်က သပိတ်ကျင်းမြို့နယ်(ပ ကဖ)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြ စ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင့် တော်လှန်ရေးအင်အားစုများက ဆိုကြသည်။
အဆိုပါတိုက်ပွဲအတွင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီ၏ တပ်မ(၇၇)၊တပ်မ (၈၈)လက်အောက်ခံ အင်အား ၁၀၀ဝန်း ကျင်ပါ စစ်ကြောင်းတို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင့် ဆိုသည်။
” စခတွေ တော်တော်လေးအထိနာတ ယ်။တကောင်းမြို့ သုဿန်ထဲမှ သေတဲ့ကောင်တွေကို မီးရှို့ပြီး တစ်ခါထဲ အမိန့်ပြန်တယ်။ဒဏ်ရာရသူတွေကို ဆေးရုံထဲမှာပဲထားတယ်။” ဟု တကောင်းမြို့ခံ တစ်ဦးက MPA သို့ပြောသည်။
ထိုတိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်တစ်ဦးအ ပါ၁၀ဦးသေဆုံးခဲ့ကာ ခြေပြတ်လက်ပြ တ်ဒဏ်ရာအပြင်းအထန်ရရှိသူ၂၀ ဝန်း ကျင်ခန့်ရှိခဲ့ကြောင်းတကောင်းမြို့ဆေး ရုံနှင့်နီးစပ်သူများက ဆိုကြသည်။
ထိုသေဆုံးဒဏ်ရာရရှိသူအရေအတွက်ကို MPA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
” သေနတ်သံတွေကြားတော့ ကျွန်မတို့လည်း ကြောက်လန့်ပြီးပြေးခဲ့တာ။ ဘာမှကိုမယူနိုင်ဘူး။အရေးကြီးတဲ့ အိမ် ထောင်စု၊မှတ်ပုံတင်တွေတော့ ကျန်ခဲ့တယ်။နွားတွေလည်း လွှတ်ချိန်ကိုမရလိုက်ဘူး။အသက်လုပြုပြေးခဲ့ရတာဆိုတော့်လေ။” ဟု ဆူးတောရွာအတွင်းနေ ထိုင်သည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MPA ပြောသည်။
ထိုစစ်ကောင်စီသည် စစ်ကြောင်းထိုးကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသ ခံ ၁၀၀ကျော် စစ်ဘေးရှောင်နေကြရပြီး ဆူးတောကျေးရွာရှိ နေအိမ် ၁၅ လုံးအား စစ်ကောင်စီဘက်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင့်လည်း ရွာသားများက ဆိုကြသည်။