မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲရှိ စစ်ကောင်စီတပ် ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦး ထိခိုက်ဒဏ်ရာရ ခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး- မန္တလေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့၊၆၂လမ်း၊၁၁၅လမ်း အဆင့်မြင့်ရဲစခန်းအနီးရှိ ပြည်ကြီးတံခွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲမှ စစ်သား များကိုမတ်လ၂ရက်နေ့၊ည၇နာရီခန့်က သေနတ်အတိုနှင့်ပစ်ခတ်ကာ လျက်ဆားပုလင်း ဗုံးနှစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” သူတို့ဘက်က ၅ယောက် မျက်မြင်လဲကျသွားတာတွေ့တယ်၊သေ၊မသေတော့ကျနော်မသိဘူး၊
လူနာတင်ကား၃စီးနဲ့လာတင်သွားတယ်” ဟု မြနန္ဒာစစ်ဆင်ရေး – မန္တလေးမှတာဝန်ရှိသူကပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် စစ်သား ၁၀ ဦးဝန်းကျင် ရှိနေပြီး ၎င်းတို့ပစ်ခတ်ခံရချိန်၌ ပြန်လည်ပစ်ခတ်သောကြောင့် မြနန္ဒာစစ်ဆင်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
စစ်သားများထိခိုက်ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မေလ ၁ရက်နေ့ကလည်း မန္တလေးမြို့၊ အမရပူရမြို့မရဲစခန်းကို Generation Z Power(GZP – Mdy)က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေးသည်။