မကွေးတိုင်း၊ရေစကြိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို ၂ကြိမ်မိုင်းဆွဲခဲ့ရာ စစ်သား၂ဦးသေဆုံးခဲ့ ကြောင်း ရေစကြိုပကဖက ထုတ်ပြန်လိုက်သည်။
ရေစကြိုမြို့နယ်၊ခလရ ၂၅၈တပ်မှထွက်လာသည်ဟုယူဆရသည့် စစ်သား ၄၀ ဝန်းကျင်ပါသည့်ဖောကား၃စီးကိုဧပြီ၃၀ရက်၊နံနက်၁၀နာရီ၄၅မိနစ် ခန့်က ပေပါမိုင်း၁လုံး၊မိုင်းအသေး ၅လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးကြောင်းမျက်မြင်တွေ့ရသည်ဟု ရေစကြိုပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
” နှစ်ယောက်သေတာတော့မျက်မြင်ပါ၊အဲ့ဒီထက်ပိုပြီးအထိအခိုက်ရှိနိုင်ပါတယ်၊ မှတ်တမ်းယူတဲ့ရဲဘော်နားထိ အစအနတွေလာစင်တာမို့ပါ” ဟု၎င်းကပြောသည်။
ဖောကား၃စီးအနက် ၂စီးမြောက်ကားကို ပေပါမိုင်းထိခဲ့ရာ ကားနောက်ခြမ်းမြောက်တက်သွားကြောင်း သိရသည်။
ဧပြီ၃၀ရက်၊မွန်းလွဲ၂နာရီခန့်တွင်လည်း ခလရ၂၅၈ တပ်ထဲမှရေစကြိုမြို့ပေါ်သို့ ကားနှစ်စီးဖြင့် ဝင်လာသည့်စစ်သားများကို ရေစကြိုမြို့အဝင် ဘက်စုံကွေ့အရောက် မိုင်း၂လုံးဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား၃ဦးထက်မနည်း ဒဏ်ရာရ သွားကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်ထားသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။