ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးထိပ် ရှု့ခင်းသားလမ်းမကြီးပေါ်တွင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ည ကိုးနာရီခွဲခန့်က စက်ဘီးနှင့် ကားတိုက်မှု ဖြစ်ပွားခဲ့ပြီး စက်ဘီးနင်းလာသူ လူငယ် သေဆုံးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် လူမှုကူညီရေးအသင်း၏ ပြောကြားချက်အရ သူက စက်ဘီးနဲ့ ၅ကွေ့ကနေ ရှုခင်းသာလမ်းမကြီးအတိုင်း နင်းလာတာ။ ဝေဇယန္တာဘက်ကို လမ်းပြောင်းပြန်ဝင်လိုက်တဲ့အချိန် ၅ ကွေ့ဘက်ကို သွားနေတဲ့ ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာ ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စက်ဘီးနင်းလာသူမှာ အသက် ၂၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေရာတွင်ပဲ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အောင်နိုင်သူလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။