မကွေးတိုင်းပေါက်မြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၊ဇီးတောရွာကို စစ်သားနှင့် ပျူစောထီးတို့က ယနေ့နံနက် ၁၁နာရီဝန်းကျင် နှင့် သပြေအေးကျေးရွာကို ယနေ့မွှန်းလွဲ၁နာရီဝန်းကျင်၌ မီးရှို့ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တို့ထံက သိရသည်။
” ပျူစောထီးတွေရွာကိုမီးရှို့လို့ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုနဲ့ပြောက်ကျား တိုက်ပွဲ ဖြစ်သေးတယ်၊ပျူစောထီးလေးယောက်သေတယ်လို့သတင်းကြားထားတယ်၊ဇီးတောရွာကအရင်ကလည်းရှို့ဖူးတယ်၊အခုထပ်ရှို့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတို့သည် ဇီးတောရွာကို ၅ ကြိမ်မြောက်အဖြစ်မီးရှို့ ခြင်းဖြစ်ပြီး ရွာအတွင်းရှိနေအိမ် ၄လုံးမီးလောင်ပျက်စီး ခဲ့သည်။
ဇီးတောရွာသားများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း ၎င်းကပြောသည်။
သပြေအေးကျေးရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့ခြင်းကြောင့် ဒေသခံရွာသားများထွက်ပြေးတိမ်းရှောင်နေရပြီး မီးရှို့ခံရသည့်နေအိမ်အရေအတွက်ကိုမူ မသိရသေးပေ။