ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရန်ပြေ ၃ ရပ်ကွက် ရန်ပြေလမ်းမပေါ် တိုးချဲ့ ၁ လမ်းထိပ်တွင် ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း ၇ နာရီခန့်က အသက် ၄၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အလောင်းတလောင်းတွေ့ရကြောင်း စုံစမ်းသိရသည်။
ယင်းအလောင်းတွေ့ရှိမှုနှင့် ပတ်သက်ကာ သွားရောက်ကူညီပေးခဲ့သည့် ပရဟိတ အသင်းတခုမှ တာဝန်ရှိသူတစ်ဦးက သူ့ပုံစံအရတော့ စွန့်ပစ်ခံ ပုံစံမျိုးပဲဗျ၊ ပြင်ပထိခိုက်ဒဏ်ရာတော့ မရှိဘူး။ သူ့ပုံစံက နေပူဒဏ်ကြောင့်လဲ ပါတယ်။ အရက်သောက်ထားတာလဲ ပါမယ်ထင်တယ်။ ဟု ဆိုပါသည်။
အဆိုပါ သေဆုံးသူသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ၎င်းနေရပ်လိပ်စာကို စုံစမ်းဆဲ ဖြစ်သည်ဟု သိရသည်။ ရုပ်အလောင်းအား သက်ဆိုင်ရာအဖွဲ့အစည်းများမှ အောင်နိုင်သူ လူမှုကူညီရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။