ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊စံပြရ ပ်ကွက်တွင် ဧပြီလ ၁၄ ရက်၊မနေ့က လမ်းသွားလမ်းလာဒေသခံပြည်သူများကို အရပ်ဝတ်ဖြင့်လက်နက်ကိုင်ဆောင်ထားကြသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖုန်းများစစ်ဆေးပြီးဖမ်းဆီးထားကြောင့် ကိုယ်တိုင်အစစ်ခံခဲ့ရသူများကဆိုကြသည်။
အဆိုပါစစ်ဆေးဖမ်းဆီးမှုများကိုပြုလု ပ်ရာတွင် ဖုန်းများကိုစစ်ဆေးသည်သာမက မှတ်ပုံတင်ကိုစစ်ဆေးသည့်အပြင်လူတိုင်းကိုမှတ်တမ်းဓာတ်ပုံများလည်းရိုက်ယူထားသည်ဟု ဆိုကြသည်။
“ စစ်သားအယောက်၂၀ ခန့်က အရပ်ဝ တ်နဲ့သေနတ်ကိုင်ပြီးဆိုင်ကယ်တားတယ်။ပြီးရင်ဖုန်း၊မှတ်ပုံတင် တောင်းပြီး ဓာတ်ပုံရိုက်ယူတယ်။” ဟုကိုယ်တိုင်စစ်ဆေးခံခဲ့ရသူတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့စစ်ဆေးပြီးဖမ်းဆီးခံထားရသည့်အမျိုးသား ၁၀ ဦးခန့်ကို စစ်ကားပေါ်တွင်မြင်တွေ့ခဲ့ရသည်ဟုလည်း ကိုယ် တိုင်အစစ်ခံခဲ့ကြရသည့် မြစ်ကြီးနားမြို့ခံများက အတည်ပြုပြောကြသည်။
” ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကို ခေါင်းငုံ့၊ဒူးထောက်ခိုင်းထားပြီးတစ်နာရီနီးပါး စစ်ဆေးမေးမြန်းပါတယ်။” ဟု သူက ဆက်ပြောသည်။
ထိုစစ်ဆေးဖမ်းဆီးခံထားရသူများသ ည် သူတို့၏ဖုန်းထဲတွင် စစ်တပ်နှင့်သ က်ဆိုင်သည့်သတင်း၊ဓာတ်ပုံ၊စသည့်အချက်အလက်များတွေ့ရှိခြင်းကြောင့်ဖြစ်နိုင်သည်ဟု ကိုယ်တိုင်အ စစ်ခံခဲ့ရသူများက ခန့်မှန်းပြောဆိုကြသည်။
ထိုကဲ့သို့စစ်ဆေးမေးမြန်းစဥ် ဖုန်းတောင်းယူခြင်းအပြင် ဆဲဆိုရိုက်နှက်မှုများလည်းပြုလုပ်ကြသည်ဟု ကိုယ် တိုင်အရိုက်ခံခဲ့ရသူများက ဆိုကြသည်။
ထိုမြစ်ကြီးနားမြို့၊မြတ်မွန်ဆေးရုံတွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က သူနာ ပြုဆရာမတစ်ဦးနှင့်သူမ၏ချစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကအရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ဖူးသည်။
မြစ်ကြီးနားမြို့အပါအဝင် မြန်မာတစ်ပြည်လုံးတွင် မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့်ကင်းလှည်ခြင်း၊အသွင်ယူစောင့်ဖမ်းခြင်းနှင့်မတရားမှုများပြုလုပ်နေကြသည်ဟု ပြည်သူများက ဆိုကြသည်။