ကရင်နီပြည်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ ကလေးများအတွက်Karenin Volunteer Team(KVT)က ဧပြီလ ၁၂ ရက်နေ့သွားရောက်ပြီး အာဟာရကျွေးခြင်းအပါအဝင် ကလေးပျော်အစီအစဥ်များပြုလုပ်ပေးခဲ့ကြောင့် ဆိုကြသည်။
အဆိုပါKVT ဖွဲ့မှ ကရင်နီပြည်၊ဟိုယာတိုက်နယ်ရှိ စစ်ဘေးရှောင်စခန်းတွင်ကလေးများ စိတ်ပျော်ရွင်ခွန်အားရရှိနိုင်ရန် ဂိမ်းကစားခြင်းနှင့်အကများဖြင့် ဖျော်ဖြေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
” အရင်က ” သားသားမီးမီးလည်း ပျော်တတ်ပါတယ်” အစီအစဥ်နာမေနဲ့သွားတယ်။ခုက happy, healthy and hel pful ဆိုတဲ့ ခေါင်းစဉ်အသစ်နဲ့ ထပ်သွားလိုက်တယ်ပေါ့နော်။” ဟု KVT မှတာဝန် ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထိုKarenin Volunteer Team ကို ၂၀၂ ၂ ခုနှစ်၊မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ပြီး နိုင်ငံတကာရောက်မြန်မာပြည်သားများနှင့်တခြားအလှူရှင်းများ ၏ထည့်ဝင်လှူဒါန်းငွေများဖြင့် စစ်ဘေးရှောင်များအရေးဆောက်ရွက်နေခြင်းဖြစ်သည်။
ထိုကရင်နီပြည်ရှိစစ်ဘေးရှောင်များအ တွက် ရာသီအလိုက်လိုအပ်ချက်များအပြင် ကလေးသူငယ်များကို ကိုယ်စိတ်နှစ်ပါးပျော်ရွှင်ခြင်းများအတွက် ပြုလု ပ်ပေးရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင့်လည်း ရှင်းပြသည်။
” ကျွန်မတို့ KVT team ထောက်ပံ့မှုတွေမပြုလုပ်ခင် စစ်ဘေးရှောင်လူဦရေစာရင်းတွေကောက်ပါတယ်။ပြီးရင်စစ်ရှောင်တွေနဲ့စကားပြောနှစ်သိမ့်မှုတွေလည်းလုပ်ပါတယ်။စစ်ဘေးရှောင်ကော်မတီ၊ရပ်မိရပ်ဖတွေ၊ခေါင်းဆောင်တွေနဲ့အသင်းအကြောင်း မိတ်ဆက်တာတွေလည်းလုပ်ခဲ့ပါတယ်။” ဟု KVT မှတာဝန်ခံအမျိုးသမီးက MPA သို့ပြော သည်။
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီးလက်ရှိအချိန်ထိစစ်ဘေးရှောင်သိန်းနှင့်ချီပြီးနေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။