မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ ) တို့ ပူးပေါင်းပြီး မြန်မာနှစ်သစ်ကူးကာလ၌ တော်လှန်သံချပ်ဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအား ဘက်ပေါင်းစုံမှ တော်လှန်ကြရန် တောင်းဆိုလိုက်သည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး ကာလဖြစ်သည်နှင့်အညီ အာဏာရှင်များကို တော်လှန်ရာတွင် အာဏာရှင်ကို ယိုင်နဲ့သွားအောင် ပြုလုပ်ရန် အကောင်းဆုံး သံချပ်နှင့်အတူ ပြည်သူကို ချပြခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဝေကြီးက ပြောပြသည်။