စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာတွင် “ အညာသားရဲ့ ဝါးရင်းတုတ်” သံချပ်ထိုးကာ ရွာပေါင်းစုံ စုပေါင်း သပိတ် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဒီနေ့ ညနေက ပြုလုပ်ခဲ့တာပါ။စည်လှောင်ရွာမှာသပိတ်လုပ်တယ်။သပိတ်တရားဟောတယ်။သံချပ်ထိုးတယ်” ဟု ယင်းသပိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊အမျိုးသားနေ့မှ စတင်ပြီး ယင်းမာပင်မြို့နယ်ရှိ အောင်ချမ်းအေးရွာနှင့် စည်လှောင်ရွာတို့၌ စစ်ကြောင်းမရှိသည့်ရက်များတွင် အကြမ်းမဖက်သပိတ်စစ်ကြောင်းများပြုလုပ်ကာ တော်လှန်လျက်ရှိကြောင်း သိရသည်။