ခရမ်းမြို့နယ်၊ပိန်းကန်ရဲစခန်း ၈၁(မမ)ရှေ့တိုက်ဒုံးထိမှန်ကာ ၂ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီ၁၀ရက်နေ့က ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ပိန်းကန်ရဲစခန်းကို ခရမ်းPDF က ၈၁(မမ)ရှော့တိုက် ဒုံး တစ်လုံးပစ်ခတ်ခဲ့ရာ ရဲစခန်းအလယ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ခရမ်းPDF ကဆို သည်။
ထို့အပြင်ရဲစခန်း ခြံစည်းရိုးနှင့် ရဲစခန်းအတွင်းရှိ ကင်းစောင့်တဲ ပျက်စီးသွားကြောင်းလည်း ခရမ်းချန်နယ်က ထုတ်ပြန်ထားသည်။
“အခုလတ်တလောကတော့ ခရမ်းမှာ စခတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး ခပ်စိတ်စိတ်လေးပတ်နေ တယ်။ဒါပေမဲ့၊ရွာတွေမှာ အခြေစိုက်နေတာမျိုးတော့ မလုပ်ရဲဘူး”ဟု ခရမ်းမြို့ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။
ခရမ်းမြို့မရဲစခန်းကို ရှော့တိုက်ဒုံးနှင့် မပစ်ခင်ကတည်းက ခရမ်းမြို့နယ်အနောက်ခြမ်းကို စစ်ကောင် စီတပ်က လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်း ၎င်းကပြောသည်။
ဧပြီလ ၉ရက်နေ့က ခရမ်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို ခရမ်းPDFက ရှော့တိုက်ဒုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးကာ ၅ဦး ပြင်းထန်ဒဏ်ရာရခဲ့သေးသည်။
ခရမ်းမြို့မရဲစခန်းနှင့်ပိန်းကန်ရဲစခန်းကို တိုက်ခိုက်ခဲ့သည့် ခရမ်းPDF ရဲဘော်များသည် အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ခရမ်းချန်နယ်ကဆိုသည်။
လက်ရှိတွင် ခရမ်းမြို့နယ်အဝင်အထွက်ဂိတ်များကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားတိုးမြှင့်ကာ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။