10 April 2023 By MPA C.J 004
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နှင့် (၃၂၅/၇)ကြားတွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နေ့လည် ၁၁:၃၀ အချိန်ခန့်က Honda Civic ယာဉ် (၁) စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရသည်။
Myanmar fire service department ၏ ထုတ်ပြန်ချက် အရ Honda Civic ကားသည် အရှိန်မထိန်းနိုင်ဘဲ ဘယ်ရီယာတုံးအား၀င်တိုက်ပြီး ကားမီးလောင်မှုဖြစ်ပွားပြီး ကားထဲတွင် လိုက်ပါလာသူ အမျိုးသား ၃ ဦးစလုံးသေဆုံးသွားပြီး ၁၁:၄၀ အချိန်ခန့်တွင် မီးလောင်နေသည့် ကားအား မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းယာဉ်မတော်တဆမှုတွင် သေဆုံးသွားသော အမျိုးသား ၃ ဦးတို့၏ရုပ်အလောင်းအား နွားထိုးကြီးပြည်သူ့ဆေးရုံသို့ Myanmar fire service department အဖွဲ့မှ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။