ခရမ်း မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ကို ၈၁ (မမ)ရှော့တိုက်ဒုံးနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့ရာ ပစ်မှတ်တည့်တည့်ထိခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊ပိန်းကန်ရွာရှိ ပိန်းကန်ရဲစခန်းကို ယနေ့နံနက်၉နာရီမိနစ် ၂၀ ခန့်က က ၈၁(မမ) ရှော့တိုက်ဒုံးတစ်လုံးဖြင့် ခရမ်းPDFက တိုက်ခိုက်ခဲ့ရာရဲစခန်းအလယ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။
“ သူတို့ဘက်က သေဆုံးစာရင်းတော့ကျွန်တော်တို့မသိရသေးဘူး။ရဲဘော်တွေဘေးကင်းပါပြီ။စစ်ကောင်စီဘက်ကတော့ မြို့ဂိတ်တွေမှာ အစစ်အဆေးကြမ်းနေပါတယ်” ဟု ၎င်းကပြောသည်။
ဧပြီ ၉ရက်နေ့က ခရမ်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို Khayan)က ၈၁ (မမ )ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံးခဲ့ကြောင်း ၎င်းကပြောသည်။
“ ရဲစခန်းထဲကို ကျတယ်။၃ ဦးသေပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါသေဆုံးထိခိုက် ရဲတပ်ဖွဲ့ဝင်များ စာရင်းနှင့်ပတ်သက်ပြီး MPAက သီးခြားအတည်မပြုနိုင်သေးပေ။
“ဒီနေ့ရောမနေ့ကရော ရဲစခန်းထဲ ကျတာသေချာတယ်။ပိန်းကန်ရဲစခန်းက ရဲ ၁၀ယောက်ကျော်လောက်ရှိမယ်။မြို့မရဲစခန်းမှာက စစ်သားတွေရောရဲတွေရောရှိတယ်။သေတဲ့၃ယောက်က ရဲလား၊စစ်သားလား ဆိုတာတော့ သေချာမသိဘူး”ဟု ခရမ်းမြို့ပေါ်နေပြည်သူတစ်ဦးကပြောသည်။
လက်ရှိတွင် ခရမ်းမြို့နယ်အဝင်အထွက်ဂိတ်များကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားတိုးမြှင့်ကာ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်း MPAကစုံစမ်းသိရသည်။