ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ စက်မှုဇုံ ၃ ၊ ကနောင် ၂ လမ်းရှိ ဆိုးပြားစက်ရုံတစ်ရုံတွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း ၂ နာရီ ၅၃ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
မီးလောင်မှု ဖြစ်ပွားခြင်းအကြောင်းအရင်းနှင့် ဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း မီးလောင်မှု အခြေအနေမှာ နံနက် ၃ နာရီ ၃ မိနစ်တွင် Level 2 အဆင့် သတ်မှတ်ခဲ့ကာ ၃ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း Myanmar Fire service depertment ၏ ထုတ်ပြန်ချက် အရ သိရသည်။
“ လောင်တာကတော့ ကနောင်မင်းသားကြီး ဆိုးပြားစက်ရုံမှာ လောင်တာပါ။ ပျက်စီးဆုံးရှုံးမှုကတော့ အတိအကျ မသိရသေးဘူး။” ဟု သွားရောက် ကူညီပေးခဲ့သည့် မြောက်ဥက္ကလာပ မြို့နယ်မီးသတ်ထံမှ သိရသည်။
မီးလောင်ရသည့် အခြေအနေနှင့် ပတ်သက်ကာ MPA သတင်းဌာနမှ Myanmar Fire service depertment မှ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိသေးသည့်အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။