စစ်ကောင်စီ၏ ကချင်ပြည်နယ်တရား ရုံးမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဋ္ဌဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကို ဧပြီလ ၇ ရက်၊ယနေ့တွင်
ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ်ခြောက်နှစ်ချ မှတ်လိုက်မှုသည် ကချင်လူထုကြားဆူပူမှုဖြစ်များလာနိုင်ကြောင့် ကချင်ပြည်သူများက ဆိုကြသည်။
‘ဆရာကြီးနဲ့ဆိုင်တဲ့ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်ချမှတ်တာကတော့ ကချင်လူထုကြား ဆူဆူပူပူလုပ်လာအောင် ဒါမှမဟုတ်လည်း တစ်ခုခု နိုင်ငံရေးရည် ရွယ်ချက်ကြောင့်လို့ မြင်တယ်။” ဟု က ချင်လူငယ်တစ်ဦးက MPA သို့ပြောသည်။
ထိုကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်းကို ပြီးခဲ့သည့် ၂၀ ၂၂ ခုနှစ်၊ဒီဇင်ဘာလ ၅ရက်နေ့က ထို င်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ကျန်းမာ ရေးစောင့်ရှောက်မှုခံယူဖို့သွားချိန်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက်မတရားအသင်းဆက်သွယ်မှု ၁၇(၁)၊နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊အကြမ်းဖက်မှုပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်
သည်။
ထိုRev. Dr. Hkalam Sam Son အား ယခရစ်ယာန်များ၏ Holy Friday နေ့တွင်ထောင်ဒဏ်ချမှတ်ခဲ့မှုအတွက် ဝမ်းန ည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့်ပြန်
လည်လွတ်ပေးစေလိုကြောင့် ခရစ်ယာ န်ဘာသာဝင်များက ဆိုကြသည်။
“ ဒီနေ့ ဆရာကြီးက တရားရင်ဆိုင်ရ မယ်ဆိုတော့ ဆရာကြီးလွတ်မြောက်ဖို့ ကျွန်တော်တို့ တမနက်လုံးဆုတောင်းခဲ့တယ်။ဒီနေ့က ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့HolyFriday နေ့ လည်းဖြစ်တယ်။ ဒါပေမယ့် ဆရာကြီးကို ထောင်ဒဏ်ခြောက်နှစ် ချလိုက်တာကြားလို့ အရမ်းဝမ်နည်းရပါတယ်။” ဟု ကချင်လူငယ်တစ်ဦးက MPA သို့ ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် ခရစ်ယာန်ဘာသာရေးအဆောက်အဦးများ ဗုံကြဲဖျက်ဆီး၊မီး
ရှို့ခံရသည့်အပြင် ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်ခွင့်များလည်း လျော့နည်းကျဆင်းလာခဲ့သည်ဟု လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာစောင့်
ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။