အာဏာသိမ်းစစ်ကောင်စီက မန္တလေး သင်္ကြန်ပွဲတော်ကို စည်ကားစွာပြုလုပ် နိုင်ဖိုအတွက် မန္တလေးမြိုကျုံးဘေးပတ်ပတ်လည်တွင် ရေကစားမဏ္ဍပ်များကို နေရာအခမဲ့ဖြင့် ဆောက်လုပ်ခွင့်ပေးနေကြောင်း မန္တလေးမြိုခံများက ဆိုကြသည်။
အဆိုပါမန္တလေးသင်္ကြန်တွင် ယမန်နှစ်များက စစ်ကောင်စီကျင်းပခဲ့သော သင်္ကြန်ပွဲတော်ကို မြိုခံပြည်သူများဝင်ရောက်ဆင်နွှခြင်းမရှိသဖြင့် ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မဏ္ဍပ်နေရာဆောက်လုပ်ခွင့်ကိုအခမဲ့ပေးလာခြင်းဖြစ်ကြောင့် ဆိုကြသည်။
ထိုမန္တလေးသင်္ကြန်ပွဲတော်သည် အမျိုး သားဒီမိုကရေစီအဖွဲချုပ်(NLD)အစိုးရလက်ထပ်တွင် ကျုံးတောင်ဘက်နှင့် အရှေ့ဘက်တွင် လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်ခဲ့သဖြင့် အများပြည်သူလာရောက်ပျော်ရွှင်မှုများနှင့်အထူးစည်ကားခဲ့ဖူးသည်။
သိုသော်လည်း အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီစီစဉ်သည့်သင်္ကြန်ပွဲတော်ကို ယမန်နှစ်များကလည်းဒေသခံပြည်သူများပါဝင်ဆင်နွှမှုမရှိသဖြင့်တိတ်ဆိတ်ဆိတ်သုဥ်းနေခဲ့သည်ဟု မြိုခံများက ဆိုကြသည်။
ထိုကြောင့်ယခုနှစ်တွင် အခွင့်အရေးပေးပြုလုပ်နေသော်လည်း ဒေသခံပြည်သူများလာရောက်ပူးပေါင်းမည်မဟုတ်ဟု မြိုခံများက ဆိုကြသည်။