မကွေးတိုင်း၊ဂန့်ဂေါမြို့ရှိ စစ်ကောင်စီ ၏ခလရ ၅၀ တပ်က ဧပြီလ ၃ ရက်၊ယ နေ့နံနက် ၈နာရီကျော်အချိန်ခန့်က လုံဟော၊ဇာဟော၊အုတ်လှဘက်များသို့ လက်နက်ကြီးများပစ်ခတ်နေသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင့် ဒေသခံများက ဆိုကြသည်။
“ လက်နက်ကြီးနဲ့ထုနေတာ ၆ချက်၊၇ ချ က်လောက်ရှိပြီ။ဒါကြောင့် တစ်ရွာလုံးထွက်ပြေးနေကြပြီ။” ဟု ဒေသခံတစ်ဦးပြည်သူတစ်ဦးက MPA သို့ပြောသည်။
အဆိုပါလက်နက်ကြီးပစ်ခတ်ပြီးနော က်ထိုခလရ ၅၀ တပ်မှစိုင်ဒူးသို့ စစ်ကြာင်းတစ်ကြောင်း၊အနောက်ဂန့်ဂေါသို့ တစ်ကြောင်းနှင့်ဇာဟောသို့ တစ်ကြော င်းဖြင့် စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးစစ်ဆင်ရန်ထွက်လာကြသဖြင့် ဒေသခံပြည်သူများထွက်ပြေးနေကြရခြင်းဖြစ်သည်။
ထိုအထဲတွင် စိုင်ဒူးသို့ အင်အား ၁၂၀ခန့်၊အနောက်ဂန့်ဂေါနှင့်ဇာဟောဘက်သို့ အင်အား ၆၀ခန့်စီပါ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
ထိုကဲ့သို့လက်နက်ကြီးပစ်ခတ်လမ်း ကြောင်းရှင်း၊ထိုးစစ်ဆင်လာမှုတွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသေးသော်လည်း တောထဲသို့ထွက်ပြေးတိမ်ရှောင်နေရသဖြင့် အခ က်အခဲများရှိနေကြောင့်လည်း ဆိုကြသည်။
အာဏာသိမ်းစစ်တပ်က ပြည်သူ့လူထု၏ခုံခံတော်လှန်စစ်ဆင်နွဲနေသည့်နေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ထိုးစစ်ဆင်ခြင်းများကို နေစဥ်ရက်ဆက်ပြုလုပ်နေပြီး ထိုစစ်ဆင်ရေးများအ တွင်းဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့်နေအိမ်ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင့် ဒေသခံပြည်သူများက ဆိုကြသည်။
မြန်မာစစ်တပ်ကအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှယနေ့အထိ မြန်မာတစ်နိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်၊ထိုးစစ်ဆင်မှုများကြောင့်ထွက်ပြေးနေကြရသည့်ဒေသခံပြည်သူတစ်သန်းကျော်ရှိကြောင့် နိုင်ငံတကာအဖွဲ့များက ထုတ်ပြန်ထားသည်။