မကွေးတိုင်း၊ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိသွားသည့် အတွက် သတ်ဖြတ်ခံလိုက်ရကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုမြို့နယ်)မှ အတည်ပြုပြောသည်။
အဆိုပါရေစကြိုမြို့နယ်၊သမန္တပိုကျေး ရွာရှိ ရေစကြို(ပကဖ)တပ်ခွဲစခန်းတစ်ခုကို မတ်လ ၃၁ ရက်နေ့၊နံနက် ၄ နာရီကျော်အချိန်ခန့်က ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ခလရ- ၂၅၆ တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲအတွင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးမှာတိုက်ပွဲအတွင်းကျဆုံးသွားခဲ့ပြီးအရှင်အဖမ်းခံလိုက်ရသည့်တပ်ဖွဲ့ဝင် ၂ ဦး ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကသ တ်ဖြတ်လိုက်ခြင်းဖြစ်သည်။
” ၂ ဦးက အရှင်ဖမ်းမိပြီး ပေါက်ပြားတွေနဲ့ ခုတ်သတ်ခံရတာ။အရှင်မိပြီး အသတ်ခံရတာက ကျနော်တို့ ပကဖ ရဲဘော်တွေ။ခုလို ကျဆုံးခဲ့တဲ့အတွက် အများကြီးဆုံးရှုံးရတာပေါ့ဗျာ။”ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
ထိုအပြင် AK ၂ လက်၊M4 ၁လက်၊လ က်လုပ်ခါးချိုး ၁ လက်၊9 mm(ဘတ်တာ) ၁လက်နှင့်အခြားဆက်စပ်ပစ္စည်များလည်း ဆုံးရှုံးခဲ့ရကြောင့် ရေစကြို(ပကဖ)က ဆိုသည်။
ထိုကဲ့သို့အလစ်ဝင်တိုက်ခိုက်မှုကို မတ် လ ၃၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်စစ်ကောင်စီစစ်ကြောင်းနှင့်စစ်ကူလိုက်လာသည့်စစ်ကြောင်းတို့က ပူးပေါင်းလာတိုက်ခဲ့သဖြင့်လက်နက်စစ် သည်အင်အားမမျှသည့်အတွက်ခံခဲ့ရခြင်းဖြစ်ကြောင့် ဆိုသည်။
” မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ။အဲဒီစစ်ကြောင်းကမပြန်ပဲ ညောင်စောင့်ဘုန်းကြီးကျောင်းမှာ ဆေးကုနေပြီး ရေစကြိုမြို့ပေါ်ကလာတဲ့စစ်ကူတွေနဲ့ကျနော်တို့ စခန်းကို အလစ်ဝင်တိုက်တာ။သူတို့က လက်ဦးသွားတော့ ကျနော်တို့ထိခိုက်မှုများတယ်။လက် နက်တွေလည်းဆုံးရှုံးလိုက်ရတယ်။” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက MPA သို့ ဆက်ပြော သည်။
ရေစကြိုမြို့နယ်၊ညောင်စောင့်ကျေးရွာနှင့်သမန္တကျေးရွာကြားတွင် မတ်လ ၃၀ရက်နေ့က အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရေစကြိုမြို့နယ် (ပကဖ)နှင့်မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင့် ထုတ်ပြန်ထား သည်။
မြန်မာစစ်တပ်မှ ရွေးကောက်ခံပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်ပြီးနော က် စစ်အာဏာရှင်စနစ်ကိုလက်နက် ကို င်တော်လှန်သည့်အဖွဲ့အများအပြားပေါ်ပေါက်လာခဲ့သော်လည်း လက်နက်၊ စစ်သည်အင်အား မမျှသဖြင့် စခန်းသိမ်းခံရခြင်းနှင့် တော်လှန်ရေးရဲဘော်များ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများ ဖြစ်ပေါ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုကြသည်။