ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေပြီး ယခုအချိန်ထိမီးမငြှိမ်းနိုင်သေးကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးကပြောသည်။
ယနေ့ မွန်းလွဲ ၃နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ မွှေ့ယာစက်ရုံတစ်ရုံ မီးလောင်နေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ၁၆ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ အဆောင်က ကောင်မလေးတွေပြောတာတော့ sweety home မွေ့ယာစက်ရုံမှာ မီးလောင်နေတယ်လို့ပြောတယ်။မီးက ပြင်းတယ်။ဒီကတောင် မီးခိုးတွေမြင်နေရတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ယနေ့မွန်းလွဲ ၃နာရီ ၂၇မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နေ့လည် ၃နာရီ ၃၄မိနစ်တွင် Level 3 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရွှေလင်ဗန်းစက်ရုံအတွင်း အရေးပေါ်ကားများနှင့် မီးသတ်ကား ၅စီးထက်မနည်းရောက်ရှိနေပြီး မီးငြိမ်းသတ်လျက်ရှိသော်လည်း မီးမငြိမ်းနိုင်သေးကြောင်း MPAက စုံစမ်းသိရသည်။