စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ သစ်တောရုံးအနီး မိုင်းဆွဲခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့သည့် စစ်သား ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
မတ်၁၃ရက်၊ နံနက် ၆ နာရီခွဲခန့်က ပုလဲမြို့အနောက်ဘက်သို့ ထွက်လာသည့် စစ် သား ၁၅ ဦး သစ်တောရုံးနားက ရိုးတစ်ခုကိုဖြတ်ကာ မြောက်ဘက်သို့ ပြန်အတက်တွင် PDF တပ်ဖွဲ့များက မိုင်းဆွဲခဲ့ရာ ၃ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း M7 PEOPLE’S DEFENSE ARMY ကထုတ်ပြန်သည်။
“မိုင်းထိတာက ၃ကောင် ဒဏ်ရာပြင်းတယ်။ ကျန်တဲ့ကောင်တွေထဲ နည်းနည်းထိတာတွေရှိတယ်။ ဒဏ် ရာပြင်းတဲ့ ၃ ကောင်ထဲက ၂ ကောင်က မနေ့ညက သေတယ်။ နောက်တစ်ကောင်က အခုထိ သေနိုင်တုန်းပဲ”လို့ ပုလဲမြို့ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။
ပုလဲမြို့အခြေစိုက်စစ်တပ်သည် PDF လက်ချက်ဖြင့် သေဆုံးဒဏ်ရာရသည့်အခါတိုင်း ပြည်သူများ မသိအောင် သတင်းလျှို့ဝှက်ထားလေ့ရှိပြီး ပုလဲမြို့သင်္ချိုင်း၌ သေဆုံးစစ်သားများအား ခိုးကြောင်ခိုးဝှက် ပြီး စလွယ်မြှုပ်နှံနေကြောင်း၎င်းကပြောသည်။
“ပြည်သူသိရင် PDF သိမယ်ဆိုတာ သူတို့သိတယ်။ သူတို့သေရင် စိတ်ဓာတ်တက်ကြွကြမှာစိုးလို့ဆိုပြီး သတင်းလျှို့ဝှက်တာ။ ဒါပေမဲ့ ဖရဲသီးတွေရှိနေတော့ လျှိုဝှက်နိုင်လွန်းလည်း ၂ရက်ပါပဲ”လို့ ၎င်းကဆက်လက်ပြောသည်။
မတ်လ ၁၃ ရက်နေ့ မိုင်းဆွဲတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားစစ်ဒေသ၂၀၂ M7 PEOPLE’S DEFENSE ARMY ၊ တိုက်နယ် ၇ နှင့် မုဆိုးလေး အဖွဲ့တို့ပူးပေါင်း ဆင်နွှဲခဲ့ကြပြီး ပြည်သူ့ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။