ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက်မြန်မာနိုင်ငံသား ထောင်နှင့်ချီ ဆန္ဒပြနေကြကြောင်း ယင်းဆန္ဒပြပွဲသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
အထက်ပါ ဆန္ဒပြပွဲကို တော်လှန်ရေး နှစ်နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၊ ထိုင်းစံတော်ချိန်မနက် ၉ နာရီ တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ လူအင်အားက ၂၀၀၀ကျော် ၃၀၀၀နီးပါးလောက် ရှိတယ်။ သံရုံးကလူတွေ စစ်ကောင်စီလက်အောက်ကရုန်းထွက်ဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင့်ရှုတ်ချကြောင်း တောင်းဆိုဆန္ဒပြနေတာပါ” ဟု ယင်းဆန္ဒပြပွဲသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
ယနေ့ ဆန္ဒပြပွဲကို မွန်းလွဲ ၁နာရီ ဝန်းကျင်အထိ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို ရှုတ်ချဆန့်ကျင်နေကြသည်။