နီပေါနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ ၇၂ ဦးစလုံး အသက်မရှင်ဟု ကနဦး ဖော်ပြနေသည့် သတင်းများအရ သိရသည်။
ကယ်ဆယ်ရေး ပြုလုပ်နေသူများက လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်သူ လက်ရှိအထိ ရှာမတွေ့သေးဟု နိုင်ငံတကာ သတင်းမီဒီယာများသို့ အသိပေးထားသည်။
လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်း ၆၈ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ကျန်သူများကို ဆက်လက် ရှာဖွေဲဆဲဖြစ်သည်ဟု ဘီဘီစီသတင်းဌာန၏ သတင်းတစ်ရပ်တွင် ပါရှိသည်။
ယင်း ခရီးသည်လေယာဉ်ပျက်ကျမှုသည် ယမန်နေ့ တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နီပေါနိုင်ငံအတွက် နှစ်ပေါင်း ၃၀ အတွင်း အသေအပျောက်အများဆုံး၊ အဆိုးရွားဆုံးလေယာဉ်ပျက်ကျမှု ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု သိရှိရသည်။
နီပေါဝန်ကြီးချုပ်က ယင်းအဖြစ်အပျက်အတွက် နိုင်ငံ၏ ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးထားသည်ဟု ဆိုသည်။