မြဝတီ-မဲဆောက် အမှတ် ၁ တံတားမှနေ၍ ၇ရက်သက်တမ်းရှိယာယီလက်မှတ် ဖြင့် သွားလာနိုင်ပြီဖြစ်ကြောင်း မြဝတီမြို့နေ ဒေသခံတစ်ဦးကပြောသည်။
ကိုဗစ်ရောဂါဖြစ်ပွားနေသဖြင့် ၃နှစ်ခန့် ပိတ်ထားသည့် အမှတ် ၁ မြဝတီ-မဲဆောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ယနေ့နံနက် ၇နာရီခန့်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အိမ်စီးကားများနှင့် လူများကို ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း မြဝတီမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ အခုက တစ်ရက်စာပဲရသေးတယ်။မနက်၉ ည၁၁ပေါ့။ကိုဗစ်ဆေးစစ်ချက်လိုတယ်။မြန်မာငွေ နှစ်ထောင်ကျပ်ပေးရတယ်။တစ်ပတ်စာတော့ သွားတာမတွေ့သေးဘူး။တစ်ပတ်စာသမားတွေကိုလည်း ယာယီလက်မှတ် တုံးထုပေးနေတယ်” ဟု မြဝတီမြို့နေ ဒေသခံတစ်ဦးက လတ်တလောအခြေအနေကို ရှင်းပြသည်။၎င်းကပြောသည်။
အမှတ် ၁ မြဝတီ-မဲဆောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းအစိုးရက ထုတ်ပေးသည့် အလုပ်သမားကဒ်(ခ)ပန်းရောင်ကဒ်နှင့် နိုင်ငံကူးလက်မှတ်(ပတ်စပို့)ရှိသူများသာ ဖြတ်သန်းသွားလာခွင့်ပြုသေးကြောင်း မဲဆောက်မြို့နေ ဒေသခံတစ်ဦးကပြောသည်။
“ အခုက တရားမဝင်သမားတွေသွားရင်တော့ ရဲကြေးပေးရတာနဲ့တင် မွဲမှာ။ပန်းရောင်ကတ်သမားနဲ့ ပတ်စပို့ရှိတဲ့သူတွေပဲ သွားလို့ရသေးတယ်။လူတွေကတော့ သွားနေကြပြီ” ဟု မဲဆောက်မြို့နေ ဒေသခံတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့က မြဝတီတံတားထိပ်ရှိ စိန်တည်းခိုးခန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးကာ ကားနှစ်စီးပျက်စီးသွားခဲ့ပြီး ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် မြဝတီ-မဲဆောက်တံတားပိတ်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။