မန္တလေးမြို့ပေါ်၌ စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံနေသူများကို ထိရောက်စွာ တိုက်ခိုက်သွားတော့မည်ဟု No More Dictatorship PDF MDY ကပြောသည်။
စစ်ကောင်စီတပ်အလိုကျပူးပေါင်းပါဝင်နေသူများကို ပထမအဆင့်အနေနှင့် ဇန်နဝါရီ၁၁ရက်နေ့က မန္တလေးမြို့၅နေရာ၌ ဖောက်ခွဲသတိပေးခဲ့ပြီး ဒုတိယအဆင့်အနေနှင့်စတင်တိုက်ခိုက်တော့မည်ဟု No More Dictatorship PDF MDY အဖွဲ့ ခေါင်းဆောင်ကိုနဂါးကြီးကပြောသည်။
“ တရားမျှတမှုမရှိတဲ့ အမည်ခံ ရွေးကောက်ပွဲ အတွက် လက်ခံ အကြောင်းမရှိပါဘူး ဒါကြောင့် ကျွန်တော်တို့ မြို့ပြ အဖွဲ့ အနေနဲ့ တားဆီးသွားမှာဖြစ်ပြီး ပြည်သူ လူထု အနေနဲ့လည်း စကစ နဲ့ မပူးပေါင်းဖို့ ဝေးဝေးနေကြဖို့ တိုက်တွန်းလိုပါတယ် ။စကစ ရဲ့ အလိုကျ စာရင်းကောက်ခံနေသူတွေကိုတော့ပထမ အဆင့် သတိပေးခြင်း၊ဒုတိယ အဆင့် အနေနဲ့ကောင်းသည် ဆိုးသည် မခွဲခြားဘယ်စတင် တိုက်ခိုက်သွားမှာပါ” ဟု ၎င်းကပြောသည်။
၇၃လမ်း ၃၇လမ်း ဓမ္မာရုံအနီးမဲစာရင်းကောက်သည့်နေရာ၊၅၆လမ်း ၅၇ လမ်း ၊၁၁၃လမ်း ချမ်းမြသာစည်မြို့နယ်၌မဲစာရင်းကောက်နေစဥ်၊၃၈လမ်း ၈၉လမ်းထောင့်အမှိုက်ပုံစည်ပင်ဝင်းအတွင်း၊၆၈လမ်း ၁၀၇လမ်းဘောလုံးကွင်းအရှေ့ဘက်ဘက်စုံအားကစားကွင်း၊၄၀လမ်း ၄၁လမ်း ၊လမ်း၉၀ က ဧသုခရပ်ကွက်ရုံးတို့တွင် ဇန်နဝါရီ ၁၁ရက်နေ့ညနေ ၄နာရီနှင့် ၅နာရီ ကြား တွင် ပထမအဆင့်အနေနှင့် ဖောက်ခွဲမှုများလုပ်ဆောင်ခဲ့ကြောင်း No More Dictatorship PDF MDY ကထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပရန် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံနေမှုကိုမပူးပေါင်းကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၉ရက်နေ့တွင်ထုတ်ပြန်ထားသည်။