စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက စစ်ကောင်စီတပ်ကို ယနေ့ မွှန်းလွှဲပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဇီးဖြူကုန်းရွာခြေအထိ ဝင်ရောက်ပြီး လက်နက်ကြီး၊လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ရာ ၃နာရီနီးပါးကြာအနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဂဠုန်နက်အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။
” အနီးကပ်ရွာခြေအထိဝင်ပစ်တာပါ၊ သူတို့ကင်းတဲနဲ့ဘန်ကာတွေမီးရှို့ခဲ့တယ်၊ ပျူစောထီးတစ်ယောက်တော့ အသေရတယ်၊” ဟု၎င်းကပြော သည်။
ဇီးဖြူကုန်းရွာအခြေစိုက် စစ်သားနှင့် ပျူစောထီး ၂၀ ဝန်းကျင်တို့က လက်နက်ကြီး၊ စက်ကလေးနှင့် စနိုက်ပါကိုပါ အသုံးပြုကာပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲအတွင်းစစ်သားနှင့်ပျူစောထီးတို့ ထိခိုက်ဒဏ်ရာရသူ များနိုင်ပြီး ပျူစောထီးအိမ်နှစ်လုံးကိုလည်းမီးရှို့နိုင်ခဲ့ကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်ပြီး MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။