ကရင်ပြည်နယ်ရှိ မြဝတီမြို့ကို စစ်ကောင်စီတပ်က မီးဖြတ်ထားသည်မှာ၁၅ရက်ကြာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်နေ့မှ စတင်ကာ မီးဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး သုံးလခန့်လျှပ်စစ်မီးဖြတ်တောက်နိုင်သည်ဟု သတင်းထွက်ပေါ်နေကြောင်း မြဝတီမြို့၊အမှတ် ၃ရ◌ပ်ကွက်သားတစ်ားကပြောသည်။
“ မီးကတစ်မြို့လုံးနီးပါးပျက်နေတာ။တိုက်ပွဲတွေဖြစ်နေလို့ ပျက်တာပေါ့။KNUက လျှပ်စစ်ရုံးကို တိုက်ဒုံးနဲ့ ပစ်လို့လို့ပြောတယ်။ဒီနေ့ထိ မီးမလာသေးဘူး။သုံးလလောက်ကြာမယ်လည်းပြောတယ်” ဟု ၎င်းကပြောသည်။
ယင်းကြောင့် မြဝတီမြို့သားများမှာ မီးစက်ကိုသာ အသုံးပြုနေကြကြောင်းသိရသည်။
“ အခုက စစ်တပ်ထက် BGFကို ပိုကြောက်နေရတယ်။သူတို့က ကားတွေနဲ့ မြို့ကိုပတ်နေကြတာ။သူတို့ကားတွေကအရှိန်နဲ့ တိုက်ချင်တိုက်သွားတာ။အလျော်ရဖို့ကတော့ မမျှော်လင့်နဲ့။အခုတိုက်ပွဲက ငြိမ်သွားပြီဆိုတော့ မီးကပြန်ရတော့မှာပါ။ကျုံဒိုးဘက်ခြမ်းကတော့ မီးမရတာ လနဲ့ချီနေပြီ” ဟု မြဝတီမြို့သား နောက်တစ်ဦးကပြောသည်။
ဇန်နဝါရီ ၇ရက်နေ့မှ စတင်ကာ မြဝတီမြို့အတွင်းသို့ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ဝင်ရောက်ခွင့်ပြုခဲ့ပြီး မြဝတီမြို့ဝန်းကျင်တွင် တိုက်ပွဲထပ်မံမဖြစ်ပွားသေးကြောင်း သိရသည်။