မန္တလေးမြို့ ၊ ၆၂လမ်း၊ ၃၆လမ်းနှင့် ၃၇လမ်းကြားရှိ Space Bar တွင် ဇန်နဝါရီ ၈ရက်နေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးမီးလောင်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဘားအရှေ့ဘက်တွင်ရပ်ထားသော ကားတစ်စီးမီးလောင်ပျက်စီးခဲ့ပြီးလူထိခိုက်ရှိ၊မရှိမသိရသေးကြောင်း ယင်းဘားအနီးနေထိုင်သူ တစ်ဦး ကပြောသည်။
” အဲ့ဘားတွေကိုသတိပေးထားတာကြာပြီ၊မနေ့ညကတော့အုံးခနဲထကွဲတာပဲ၊ ကားတစ်စီးလည်းမီးလောင်သွားတယ်” လို့ ၎င်းကပြောသည်။
Space Barတွင် လာရောက်ပျော်ပါးသူများဖြင့် အမြဲစည်ကားနေကြောင်း ဒေသခံများကပြောသည်။
Space Bar အတွင်း အချောင်နေအချောင်စား ဘီယာ သောက်ရင်း ဇိမ်ခံနေသောမြို့ပြမိတ်ဆွေများအတွက် City Hunter (MDY UG)က သတိပေး လက်ဆောင်ပို့လိုက် သည်ဟု သပြေညိုသတင်းလွှာကထုတ်ပြန်ထားသည်။
မန္တလေးမြို့က Pioneer Bar တွင်လည်း ဇန်နဝါရီ ၁ရက်နေ့က ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်းသိရသည်။