By MPA 001
ကြည့်မြင်တိုင်မြို့နယ်တရားရုံးကို ယနေ့နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု Brave Eagles(UG) အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကြည့်မြင်တိုင်မြို့နယ်တရားရုံးကို ယနေ့နံနက် ၈ နာရီခွဲခန့်က Brave Eagles(UG) အဖွဲ့နှင့် Dark Shadow (UG)အဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှာဖွေတွေ့ရှိခဲ့၍ ဖောက်ခွဲခဲ့ကြောင်းနှင့် UG ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ UG အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“တရားရုံးကိုဖောက်ခွဲပြီးတော့ သူတို့ကိုလည်း ခွေးသေရအောင်လုပ်ထားတာ။ အခုတော့ ခွေးသေမရ ခဲ့ဘူး။ အထိအခိုက်တော့မရှိခဲ့ဘူး။ ထိခိုက်အောင်တော့လုပ်တာပဲ error ဖြစ်သွားလို့။ လောလောဆယ် တော့ လုံခြုံရေးအရ ကျန်တာဘာမှ ပြောလို့မရသေးဘူး” ဟု Brave Eagles (UG) အဖွဲ့မှ ရဲဘော်တစ်ဦးက MPA သို့ပြောဆိုသည်။
အဆိုပါ Brave Eagles(UG)နှင့် Dark shadow (UG)အနေဖြင့် နောက်နောင်တွင် အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်အသိပေးထားသည်။
ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အဖွဲ့အစည်းများနှင့် အဆောက်အဦးများ အနီးသို့ဖြတ်သန်းသွားလာခြင်းမပြုဘဲ ရှောင်ရှားသွားကြရန် UG အဖွဲ့များက မေတ္တာရပ်ခံထားသည်။