ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နောင်ဘွယ်လန်ဖူးပြည်နယ်တွင်ရှိသည့် ကလေးထိန်းစင်တာတစ်ခုတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၄ ဦးသေဆုံးကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
ပစ်ခတ်မှုကို သေနတ်သမားတစ်ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် ၂၂ ဦး သေဆုံးသွားခဲ့သည်ဟု ကနဦးသိရှိရသည်။ ယင်းဖြစ်ရပ်အတွက်လည်း ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အတည်ပြုထားကြောင်းလည်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
လက်ရှိတွင် ဒဏ်ရာရရှိသည့် ကလေးငယ်အချို့နှင့်လူတချို့အတွက် အရေးပေါ်သွေးလိုအပ်ချက်များ ရှိနေသည်ဟုလည်း ထိုင်းသတင်းဌာနများက အသိပေးဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သေနတ်သမားသည် ရဲအရာရှိတစ်ဦးဖြစ်သည်ဟုဆိုသည်။
၎င်းအနေဖြင့် ကလေးထိန်းစင်တာမှ ကလေးများနှင့် လူများကို ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဇနီးဖြစ်သူနှင့် ကလေးကိုပါ သတ်ပစ်ကာ သူကိုယ်တိုင်လည်း အဆုံးစီရင်ခံခဲ့သည်ဟု သိရှိရသည်။
လက်ရှိတွင် ပစ်ခတ်မှုဘာကြောင့် ပြုလုပ်ခဲ့သလဲဆိုသည့် အချက်ကို ထင်ကြေးအမျိုးမျိုးပေးလျက်ရှိနေသေးသည်။