“ အဓိက စပါးရိတ်သိမ်းတာကို ထိခိုက်အောင် ဖန်တီးလိုက်တာက စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့လိုက်တာကြောင့်ပါ”
ဦးကျော်ဇံ (ရခိုင်ပြည်နယ် တောင်သူလယ်သမားဥက္ကဋ္ဌ)
မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ခြင်း၊ လယ်ယာသုံးကျွဲနွားများ ထောင်နှင့်ချီ ဆုံးရှုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ်က စပါးစိုက်တောင်သူများသည် စပါးပြန်လည်စိုက်ပျိုးထားပြီး၍ ရိတ်သိမ်းရန်အတွက် အချိန်ကျနေပြီဖြစ်သည်။
သို့သော် တကျော့ပြန် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စပါးရိတ်သိမ်းချိန်ရောက်နေသော်လည်း စပါးစိုက်တောင်သူများအနေဖြင့် စစ်ကောင်စီ၏ လမ်းကြောင်းပိတ်ဆို့မှုကြောင့် စက်သုံးဆီရရှိမှု အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။