မြောက်ကိုရီးယားပိုင် ဒရုန်းငါးစင်းက တောင်ကိုရီးယားနိုင်ငံ လေပိုက်နက်ထဲ ဝင်ရောက်ခဲ့၍ တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်ဟု နိုင်ငံတကာသတင်းဌာနကများက ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ ယခုကဲ့သို့ ကျူးကျော်မှုသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ တောင်ကိုရီးယားစစ်တပ်က ယင်းအဖြစ်အပျက်အတွက် ယနေ့မှာ တိုက်လေယာဉ်တွေ စေလွှတ်မှုကို အတည်ပြုထားသည်။
တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဖြတ်ကျော်လာသည့် မြောက်ကိုရီးယားပိုင် ဒရုန်းငါးစင်းကို တွေ့ရှိခဲ့ပြီးနောက် ယင်းတို့ကို သတိပေးရန် ခြိမ်းခြောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထိုထဲက တစင်းသည် တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်းအထိ ခရီးနှင်ခဲ့သည်ဟုလည်း ဆိုသည်။ သို့သော်လည်း ယင်းဒရုန်းတွေကို တောင်ကိုရီးယား စစ်တပ်က ပစ်ချနိုင်ခဲ့သလားဆိုသည့် အချက်ကို အတည်မပြုနိုင်သေးဘဲ ရှိနေသည်ဟု ဆိုသည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က မြောက်ကိုရီးယားဘက်က ယင်းသို့ တစ်ခေါက် ပြလုပ်ခဲ့ပြီး ထိုစဉ်က ဝင်ရောက်ခဲ့သည့် ဒရုန်းသည် တောင်ကိုရီးယားရှိ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထောက်လှမ်းကာ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သည်ဟု သိရှိရသည်။
လက်ရှိဖြစ်စဉ်အတွက် “မြောက်ကိုရီးယားရဲ့ ရန်စမှုကို ပြတ်ပြတ်သားသား ပြတ်ပြတ်သားသား တုံ့ပြန်မှာပါ”ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် လီဆွန်းအိုက သတင်းထောက်များကို အသိပေးသည်။
တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယောကလည်း မြောက်ကိုရီးယား၏ ရန်စမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန် အသိပေးထားသည်။