တရုတ်ရေတပ်မှ သင်္ဘောတစင်းသည် ဂျပန်ရေပိုက်နက်အတွင်း ဝင်ရောက်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့တွင် အသိပေးသည်။
ယခု ဝင်ရောက်မှု အကြိမ်နှင့်ဆိုလျှင် ကိုးကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး တရုတ်ရေတပ်အနေဖြင့် ဂျပန်ရေပိုင်နက်အတွင်းကို မကြာခဏဆိုသလို ကျူးကျော်ခြင်းလည်းဖြစ်သည်။
ဂျပန်ရေပိုင်နက်သို့ ဝင်ရောက်လာသည့် တရုတ်ပိုင် သင်္ဘောသည် စူးစမ်းလေ့လာရေး သင်္ဘောတစင်းဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်အသိပေးထားသည်။
တရုတ်စစ်ရေယာဉ်သည် တာနီဂါရှီမားကျွန်း၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ အနောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု သိရှိရသည်။
ယခုနှစ်တွင်၏ ပဉ္စမအကြိမ်မြောက်အဖြစ် ကျူးကျော်ဝင်ရောက်လာမှုအတွက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို သံတမန်ရေးရာအရ အသိပေးပေးမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။