စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအ တွက် မြန်မာပြည်သူလူထု၏ခုခံတော်လှန်စစ်ဆင်နွဲ့နေချိန်တွင် ရက္ခိုင့်တပ်တော်(AA)ကလည်း အကြမ်းဖက်စစ် တပ်၏ အထိုင်းစခန်းများ၊ ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
နိုင်ငံတကာဖိအားများနှင့် ပြည်တွင်းခုခံတော်လှန်စစ်များ၊ ပြည်သူလူထု၏ နေ့စဥ်ဆန္ဒထုတ်ဖော်တောင်းဆိုမှုများကို ရင်ဆိုင်နေရသောအာဏာသိမ်းအကြမ်း ဖက်စစ်တပ်သည် ရသမျှထွက်ပေါက်များကို ရှာဖွေလုပ်ဆောင်ကြိုးစားနေသည်။
ထိုကဲ့သို့အခြေအနေတွင် စစ်ရေးတင်း မာမှုအမြင့်ဆုံးဖြစ်နေသော ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား ရုတ်တရက်ယာယီအပစ်ရပ်လို က်ကြကြောင့် နှစ်ဖက်စလုံးမှ အတည် ပြုထုတ်ပြောလာကြသည်။
အကြမ်းဖက်စစ်တပ်က ရခိုင်တွင်ယာ ယီအပစ်ရပ်လိုက်သော်လည်း မောင်တောမြို့နယ်တစ်ခုတည်းတွင်ပင် အင်အားတစ်သောင်းနီးပါးထိ တပ်ဖြန့်လှုပ် ရှားထိုးစစ်ဆင်နေသဖြင့် ထိုတပ်အင်အားကို ပြန်လည်ရုပ်သိမ်း၊ မသိမ်းကလည်း စိတ်ဝင်စားစရာကောင်းနေသည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထိုမောင်တောမြို့နယ်တွင်တပ်မတစ်မလုံးဖြန့်ချထိုးစစ်ဆင်နေခဲ့သည့် တပ်မ ၇၇ မှာ မြန်မာနိုင်ငံတွင် အကြမ်းဆုံးနှင့်အတော်ဆုံးတပ်မဟုသတ်မှတ်ခံထားရပြီး ယခင်တိုက်ပွဲကတည်းက ရောက်ရှိနေသည့် တပ်မ ၂၂ မှထုတ်နှုတ်အင် အားများကိုလည်း ဖြည့်တင်းထိုးစစ် ဆင်နေသောနေရာဖြစ်သည်။
ထိုတပ်မများအပြင် ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)မှတပ်များ၊ဘူးသီးတောင်အခြေစိုက်အမြောက် တပ်မှလက်နက်ကြီးအမြောက်များနှင့်အတူ စစ်သည်အင်အားထောင်နှင့်ချီဖြည့်တင်းပြီး ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ် သည်။
ထိုတပ်မများနှင့်ထိုတပ်ရင်း၊ တပ်မ၊ ဗျူဟာများမလာရောက်စဥ်က မောင်တောမြို့နယ်ရှိ စစ်တပ်အသွင်ပြောင်းနယ်ခြားစောင့်အထိုင်းစခန်းအချို့ကိုအေအေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်၊မိုင်တိုင် ၄၀ အထိုင်စခန်းကုန်းအားသြဂုတ်လ ၃၁ ရက်နေ့တွင် အေအေတပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့ရာအကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို အေအေရရှိသွားခဲ့သည်။
ထိုအပြင်မောင်တောမြောက်ပိုင်းတစ်ခုလုံးကို အဓိကထိန်းချုပ်ကွပ်ကွဲနေသော ကြိမ်ချောင်းဗျူဟာ၏အဓိကကာကင်းဟုဆိုရမည့် မယူတောင်ခြေရှိအထိုင်စခန်းတစ်ခုကို စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အေအေကတိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ထိုအထိုင်စခန်းမှာ ရဟတ်ယာဥ်ကွင်းပါသေချာအခိုင်အမာတည်ဆောက်ထားသည့်ဗျူဟာကျသော ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်း၊မယူတောင်ထဲတွင်တည်ရှိကာ ကြိမ်ချောင်းဗျူဟာနှင့် တစ်မိုင်ခန့်သာကွာဝေးသည်။
အဆိုပါ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်သုံ့ပန်း ၄ ဦးဖမ်းဆီးရမိကြောင်းလည်းအေအေမှ စက်တင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုစခန်းအသိမ်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် တပ်မ၇၇ တစ်မလုံးကိုချက်ချင်းခေါ်ယူအင်အားဖြည့်ကာ ကြိမ်ချောင်းဗျူဟာကိုတပ်မအဖြစ်သို့ချက်ချင်းတိုးမြှင့်လိုက် ပြီးတပ်မ ၈၈ ၏ဒုတပ်မမှူးကို တပ်မ ၇၇ ၏တပ်မမှူးအဖြစ်တိုးမြှင့်ပေးဦးဆောင်ကွပ်ကွဲစေသည်ဟု စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။
ထိုစခန်းအသိမ်းခံလိုက်ရပြီးနောက် အေအေတပ်ဖွဲ့ဝင်များမှာ မောင်တော မြို့နှင့်အနီးဆုံးသို့ရောက်တော့မည့် ကျီးကန်ပြင်ဌာနချုပ်နှင့်မဝေးတော့သည့် ငန်းချောင်းရိုဟင်ဂျာကျေးရွာနှင့်ဖားဝပ်ချောင်းရခိုင်ကျေးရွာကြား မောင်တော-ကြိမ်ချောင်းကားလမ်းပေါ်တွင် ယာယီစစ်ဆေးရေးဂိတ်ဖွင့်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထိုကဲ့သို့မောင်တောမြောက်ပိုင်းတစ်ခုလုံးကိုအပြီးတိုင်ထိန်းချုပ်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ စစ်ရေးဗျူဟာနှင့်အင်အားအများအပြားအသုံးပြုလာသည့် အေအေဗျူဟာကိုချေဖျက်ရန် အကြမ်း ဖက်စစ်တပ်ဘက်က တပ်မ ၇၇၊တပ်မ ၂၂၊စကခ ၁၅ တပ်များဖြင့် ကုန်ရေနှစ်ကြောင်းဖြင့် အင်အားထောင်ချီဖြည့်တင်းပြီးတန်ပြန်ထိုးစစ်ဆင်လာခဲ့သည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထိုအထဲက အင်အားငါးရာခန့်မှာ မောင်တော-ကြိမ်ချောင်းကားလမ်းပေါ်ရှိ အောင်မင်္ဂလာကျေးရွာတွင် အခိုင်အမာတပ်စွဲပြီးလက်နက်ကြီးတပ်ဆင်ကာ ကားလမ်းမကြီးအတိုင်းအင်အားသုံးရာ ကျော်ခန့်ဖြင့်ရှေ့တိုးထိုးစစ်ဆင်ရာ ဖားဝပ်ချောင်းနှင့်ငန်းချောင်းကြားရှိ အေအေ၏ ယာယီစစ်ဆေးရေးဂိတ်ကို ရုပ်သိမ်းပြီး နောက်ဆုတ်ပေးလိုက်ရသည်ဟု အနီးအပါးရှိ ဒေသခံပြည်သူများက ဆိုသည်။
ထိုအပြင်နတ်မြစ်ရေလမ်းကြောင်းက အသုတ်လိုက်ခွဲတက်သည့် တပ်မ ၇၇ အင်အား ၇၀၀ ကျော်ခန့်သည့်နတ်မြစ်ကမ်းတစ်လျှောက်ရှိ အေအေအမာခံဟု ယူဆသည့်ကျေးရွာအားလုံးကို ဝင်ရောက်စစ်ဆေးပြီး ကြိမ်ချောင်းတပ်မတွင်သွားရောက်အင်အားဖြည့်ပေါင်း လိုက်သည်ဟု ဆိုကြသည်။
ထိုကဲ့သို့အကြမ်းစစ်တပ်က နတ်မြစ်ရေလမ်းကြောင်းက ကြိမ်ချောင်းတပ်မနှင့် တောင်ပြိုဗျူဟာသို့လက်နက်အင် အားရိက္ခာဖြည့်တင်းနေချိန်အတွင်း တောင်ပြိုဗျူဟာအနီတွင် စစ်ကောင်စီဖက်က လက်နက်ရိက္ခာစက်လှေတစ်စီးကိုအေအေဘက်ကသိမ်းပိုက်ရယူနိုင်ခဲ့သည့်အပြင် လိပ်ရနယ်ခြားစောင့်အ ထိုင်စခန်းကိုလည်း အေအေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင့် ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်(AA)၏ လွှတ်မြောက် နယ်မြေကြေညာရန်နှင့်နယ်စပ်ထိမ်းချုပ်ကိုယ်ပိုင်နယ်မြေ အပြီးသတ်အပိုင်ရရန်ကြိုးစားအားထုတ်လာမှုဗျူဟာကိုစစ်ကောင်စီဘက်က အမြင်ဆုံးလေ ကြောင်းပစ်ကူနှင့်လက်နက်ကြီးပစ်ကူများကိုအားစိုက်အသုံးပြုကာ စစ်သည်အင်အား ထောင်ဂဏာန်းနီးပါးထိအသုံး ပြုချေဖျက်ထိုးစစ်ဆင်ခဲ့သည်ဟု ရခိုင် စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့်အေအေတို့ရုတ်တရက်ယာယီအပစ်မရပ်မီ နောက် ဆုံးဖြစ်ခဲ့သည့်အပြင်းဆုံးတိုက်ပွဲတစ်ခုမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာမြောက်ဖက် မီတာ ၈၀၀ ခန့်အကွာရှိ အေအေတပ်ဖွဲ့ဝင်များရှိရာသို့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏တပ်မ ၇၇မှ အင်အားငါးရာနှင့် ခုနှစ်ရာကြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ထိုတိုက်ပွဲမှာ နေ့လည် ၁၂ နာရီခန့်မှစညနေ ၄ နာရီခန့်အချိန်ထိ နှစ်ဘက်ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများကို မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ)၏ တောင်ဖက်ရှိ နခခ ၇ စခန်း၊ဝက်ကျိန်းပတ်ဝန်းကျင်ရှိတပ်မ ၇၇ အထိုင်ချနေသောနေရာ၊တပ်မ ၂၂ အထိုင်ချနေသော ခဝဲဗျူဟာ၊ကြိမ်ချောင်း ၂၄ စခန်းများမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးများ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် အေအေက ထုတ်ပြန်ခဲ့သည်။
အဆိုပါမောင်တောမြို့နယ်၏အနော က်ဘက်နှင့်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်းမိုင် ၄၂ မိုင်အထိနယ် စပ်ချင်းထိစပ်နေပြီးအရှေ့မြောက်ဘက်တွင်လည်း ဘူးသီးတောင်မြို့နယ်နှင့် မိုင်းပေါင်းများစွာထိစပ်လျက်ရှိသည်။
ထိုကြိမ်ချောင်းတပ်မကို အေအေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါက မြန်မာ ဘင်္ဂလာနယ်စပ်မြို့နယ်ခွဲ နှစ်ခုဖြစ်သည့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲနှင့်ခမောင်းဆိပ်မြို့နယ်ခွဲအပါအဝင် ရိုဟင်ဂျာပြန်လည် လက်ခံရေးဖြစ်စဥ်ကြီးတစ်ခုလုံး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော်(ULA/AA)၏ စီမံဆောင်ရွက်မှုသို့ မလွှဲမသွေကျရောက်သွားရမည်ဟု ရခိုင်အရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထိုအပြင်ထိုဧရာယာအတွင်း ၂၀၁၇ ခုနှစ်က အကြမ်းဖက်စစ်တပ်ကကျူး လွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအထောက်အထားမှတ် တမ်းများကိုလည်း စိတ်ကြိုက် ပြန်ရှာစုဆောင်းသက်သေပြုနိုင်လာမည်ဟုလူအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက ဆိုသည်။
ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း အခိုင် အမာအထိုင်စခန်းများမှခံစစ်ဗျူဟာဖြင့် ကစားနေသည့်အကြမ်းဖက်စစ်တပ်သည် မောင်တောမြောက်ပိုင်းရှိအထိုင် စခန်းများ၊ ကင်းစခန်းများဆုံးရှုံးခံလာရပြီးကြိမ်ချောင်းတပ်မခြိမ်ခြောက်ခံလာရသဖြင့် အင်အားထောင်ချီအသုံး ပြုကာ လက်နက်ကြီးများနှင့်လေ ကြောင်းပစ်ကူများဖြင့် ထိုးစစ်ဗျူဟာသို့ ချက်ချင်းပြောင်းလဲလိုက်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။
နောက်ဆုံး ရုတ်တရက်ယာယီအပစ်မရပ်မီ မောင်တောမြို့နယ်အတွင်းတိုက် ပွဲအချို့မှာ အေအေအနေဖြင့် နယ်မြေ ထိန်းချုပ်သည့်စစ်နည်းဗျူဟာမှခုခံစစ်ဗျူဟာသို့ ပြောင်းလဲကျင့်သုံးလိုက်ရသည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြသည်။
ရက္ခိုင့်တပ်တော်(AA)၏မောင်တောမြောက်ပိုင်းအခြေစိုက် တပ်မဟာ ၂ တစ်ခုလုံးမှ တပ်ဖွဲ့ဝင်အင်အားတစ်သောင်းကျော်ခန့်ထိအသုံးပြုပြီးတပ်မဟာမှူးဗိုလ်မှူးထွန်းဝေကိုယ်တိုင်ဦးဆောင်ကွပ်ကွဲဖော်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်၏တပ်စခန်းများအား ပိတ်ဆို့ဝိုင်းရံအပြီး တိုက်သိမ်းပိုက်ဗျူဟာမှာ အဆုံးမသတ်ဘဲယာယီအပစ်ရပ်စဲလိုက်ခြင်းကြောင့် ရပ်တန့်ထား လိုက်ရသည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
မောင်တောမြောက်ပိုင်းရှိ အကြမ်းဖက်စစ်တပ်၏အထိုင်စခန်းများကို အေအေကတိုက်ခိုက် သိမ်းပိုက်နေချိန်အတွင်းအကြမ်းဖက်စစ်တပ်မှ ပြည်ထောင်စုအဆင့်အရာရှိကြီး ကိုယ်တိုင်မောင်တောသို့လာရောက်ပြီးကိုယ်တိုင်ဦးဆောင်ညွှန်ကြားခဲ့ရသည့်အပြင် ကြိမ်ချောင်းဗျူဟာကို တပ်မသို့အဆင့်တိုးခြင်း၊မောင်တောမြို့သူကြီးရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို အမှတ် ၁၅စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အဖြစ် ယာယီပြောင်းရွေ့ကွပ်ကွဲစစ်ဆင်ခြင်းများအထိ ပြုလုပ်ခဲ့ရသည့်ဟုလည်း အကြမ်းဖက်စစ်တပ်၏ တပ်အရာရှိကြီးများက အတည်ပြုပြောကြသည်။
ထိုမောင်တောမြို့နယ်မြောက်ပိုင်းမှရိုဟင်ဂျာပြန်လည်လက်ခံရေးကို ဆောင်းဦးရာသီတွင်စတင်မည်ဟု သုံးလထိကြိုတင်ပြင်ဆင်စီစဥ်ခဲ့သော်လည်း အေအေ၏နယ်မြေထိန်းချုပ်မှုကြောင့် အလုပ်မဖြစ်သေးသည့်အပြင် ရခိုင်ပြည်တစ်ခုလုံးရှိ မြို့ပေါ်မှအပကျန်နေရာအားလုံးတွင် အကြမ်းဖက်စစ်တပ်၏ စခန်း၊တပ်ရင်း၊ဗျူဟာ၊ တပ်မများအထိ အေအေ၏ ပိတ်ဆို့ဝန်းရံခြင်းကိုခံထားရသဖြင့် အပစ်ရပ်ဗျူဟာကို ပြောင်းခဲ့ရသည်ဟုလည်း အကြမ်းဖက်စစ်တပ်မှ ယုံကြည့်စိတ်ချရသည့် တပ်အရာရှိကြီးများက ဆိုကြသည်။
ရခိုင်တွင်ရုတ်တရက်ယာယီအပစ်ရပ်စဲခြင်းကို နှစ်ဘက်အဖွဲ့အစည်းကတ ရားဝင်ထုတ်ဖော်မပြောကြားမီ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိထောင်ချထားရသည့် ဗိုလ်မှူးအဆင့်အပါအဝင်အေအေတပ်ဖွဲ့ဝင်အချို့ကိုပြန်လွှတ်ပေးပြသည့်အပြင် အေအေနှင့်အတွင်းကြောင်းအရအဓိကဆက်နွယ်ပတ်သက်နေသူ ရခိုင်လူကြီးအချို့ကို
လူသိရှင်ကြားဘွဲ့များပေးပြီးနှစ်ဘက်ယုံကြည်နားလည်မှုရှိကြောင်းကို အကြမ်းဖက်စစ်တပ်က ပြသခဲ့သည်။
ထိုအပြင်ပြီးခဲ့သည့်နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊နိုင်ငံခြားရေးအတွင်းဝန် ဗီနေးမိုဟန်ကွာထရာသည် မြန်မာသို့လာရောက်ခဲ့ပြီးအကြမ်းဖက်စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေး နွေးခဲ့သည်။
အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ပိုင်း၊ကုန်းတွင်းပိတ်ဒေသအတွက် ထွက် ပေါက်ဖြစ်သည့် ကုလားတန်စီမံကိန်းကို လာမည့် ၂၀၂၃ ခုနှစ်တွင်အကြမ်း ဖက်စစ်တပ်က အိန္ဒိယအစိုးရထံသို့ အပြီးသတ်အပ်နှံရမည်ဖြစ်သည်။
ထိုစီမံကိန်းကို အပြီးသတ်လုပ်ဆောင်ရန်နှင့်စတင်လည်ပတ်ရန်အတွက် ရက္ခိုင်ပြည်သူ့အစိုးရဖြစ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ သဘောတူခွင့်ပြုချက်ကို မလွှဲမသွေ လိုအပ်မည်ဟုလည်း ရခိုင်အရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထိုအပြင်ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊နယ်ခြားစောင့်တပ်ဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်၊ဗိုလ်ချုပ်အဆင့်ရှိသူဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ လာရောက်ပြီးအကြမ်း ဖက်စစ်တပ်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များ နိုင်ငံတကာမှာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့်အမှုရင်ဆိုင်နေရသည့် ရိုဟင်ဂျာအမှုကိစ္စပြေလည်ရန် ပြန်လည်လက်ခံရေးကို မဖြစ်မနေပြုလုပ်ပေးရမည့်ဖိအားများနှင့်လည်း ကြုံတွေ့နေရကြောင့် မြန်မာ့အရေးစောင့်ကြည့်လေ့ လာသူများက ဆိုသည်။
ထိုအပြင်ရခိုင်တွင် တရုပ်နိုင်ငံ၏ ကြီး မားသည့်ရင်းနှီးမြုပ်နှံ့မှုများနှင့်ရုရှား ၏ရေတပ်အခြေစိုက်စခန်းအခိုင်အမာတည်ဆောက်နေမှုများလည်း ရှိနေ သည်။ နောက်ပြီးအာဆီယံဖိအားများနှင့်လာမည့် ၂၀၂၃ ခုနှစ်ပြုလုပ်မည့်အာဏာ သိမ်းစစ်တပ်၏ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်လည်း မဖြစ်မနေကျင်းပပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်မှုများအားလုံးပြီးစီနေပြီးဟု ရခိုင်ပြည် နယ်စစ်ကောင်စီအသိုင်းအဝန်က အတည်ပြုပြောကြသည်။
ထိုထက်အရေးပါသည်မှာပြီးခဲ့သည့်အပစ်ရပ်ကာလအတွင်း အာဏာအားပြိုင်နေကြသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးလွှမ်းမိုး လှုပ်ဆောင်လာမှုများကို အကြမ်းဖက်စစ်တပ်က နှောက်ယှက်ဖျက်စီးမှုအချို့ပြုလုပ်နိုင်ခဲ့သည့်အပြင် အေအေ၏စစ်ရေးသတင်းအချက်အလက်များ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ဝင်များ၏ သတင်းအချက်အလက်များကိုလည်းရယူနိုင်ခဲ့သည်။
ထိုအပြင်ရခိုင်တစ်ပြည်နယ်လုံးရှိအကြ မ်းဖက်စစ်တပ်၏တပ်စခန်းအားလုံးကို အခိုင်အမာတည်ဆောက်ပြီး ခံစစ်များတိုးကာ စစ်ဆေးရေးဂိတ်များအခိုင် အမာအသစ် တည်ဆောက်နိုင်ခဲ့သည့်အ ပြင် အာဏာသိမ်းစစ်ကောင်စီ၏ရုံးအားလုံးကိုလည်း လုံခြုံရေးအစီအမံများဆောက်ရွက်နိုင်ခဲ့သည်ဟု ရခိုင်အရေးစောင့်ကြည့်နေသူများက ဆိုသည်။
ထိုအကြောင်းအရာကိစ္စများကြောင့်ရခိုင်တွင် အကြမ်းဖက်စစ်တပ်၏ရုတ် တရက်ယာယီအပစ်ရပ်သည်မှာ ဂျပန်၊နီပွန်ဖောင်ဒေးရှင်းက ကြားဝင်စေ့စပ် ပေးမှုကြောင့်မှာအကြောင်းပြချက်တစ်ခုသာဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)အား လက်နက်အင်အားအားကိုးဖြင့်အမြစ်ဖြုတ်ချေမှုရန်အချိန်ယူအားဖြည့်မည့်ဗျူဟာပင်ဖြစ်ပေသည်။
ထိုကဲ့သို့အချိန်ယူအားဖြည့်နေချိန်တွင်ရိုဟင်ဂျာပြန်လည်လက်ခံရေး၊ကုလား
တန်စီမံကိန်း၊ ရွေးကောက်ပွဲ၊ ရုရှားရေတပ်အခြေစိုက်စခန်းနှင့်ရခိုင်ပြည် သူလူထုအားဝါဒဖြန့်စည်းရုံးကာ ရက္ခိုင့်ပြည်သူ့အစိုးရကို ရခိုင်ပြည်ထဲကအ ပြီးတိုင်ဖယ်ရှားရေးဗျူဟာဆိုသည်ကိုစောင့်ကြည့်ပါက သိသာသက်သေပြလာပါလိမ့်မည်။