23 Oct 2022 By MPA / ထွန်းလင်း
လာမယ့်တစ်နှစ်တာကို နွေဦးတော်လှန်ရေး ဘာလဲ၊ဘယ်လဲ အဆုံးအဖြတ်ပေးမယ့်နှစ်လို့ NUGအစိုးရ က ရဲရဲတင်းတင်းပြောချလိုက်တယ်။ရဲရဲတင်းတင်းဆိုတာက မကြောက်မရွံ့ ယုံကြည်မှုရှိစွာနဲ့ ပြောချလိုက် တယ်လို့ ဆိုနိုင်ပေမဲ့ ရှေ့မကြည့်နောက်မကြည့် အတင့်ရဲစွာနဲ့ပြောချလိုက် တဲ့သဘောလို့လည်းအကောက် အယူတွေရှိပါတယ် ။
အောက်တိုဘာ၇ရက်နေ့၊NUGသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ခြင်းဖြစ်တယ်။နောက်တစ်နှစ် ဆိုတာကို ၂၀၂၂အောက်တိုဘာ၈ရက်နေ့ကနေ စတင်ရေတွက်ရမှာမို့ ၂၀၂၃အောက်တိုဘာ၈ရက်မှာ အဆုံး သတ် ပါမယ်။ဒါပေမဲ့ NUGအစိုးရပြောတဲ့ နောက်တစ်နှစ်ဆိုတာ နောက်တစ်နှစ်အတွင်း ဘယ်သူ နိုင် ပြီး ဘယ် သူ ရှုံးမလဲဆိုတာ အဖြေထွက်မယ်လို့ ပြောလိုက်တာမို့ လာမယ့်တစ်နှစ်အတွင်း နွေဦးတော်လှန် ရေး အောင် မြေ နင်းမယ်လို့ ပြောတာမဟုတ်ကြောင်း သတိပြုကြဖို့လိုပါမယ်။
NUGအစိုးရရဲ့ ဆိုလိုရင်းက ပြည်သူတွေပဲ အောင်ပွဲခံမလား၊အာဏာသိမ်းစစ်အုပ်စုပဲ သက်ဆိုးရှည်မ လား ကျိန်းသေပေါက်အဖြေထွက်မယ့်သဘော။သူလည်းမနိုင် ကိုယ်လည်းမနိုင်ဘဲ ဇာတ်မျောကြီးဖြစ်သွားမ လားဆိုတာကို NUGအစိုးရက ထည့်မပြောခဲ့ပေမဲ့ ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။
NUGသတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာ မိတ်တွေ အနေနဲ့ ကဏ္ဍ စစ်မျက်နှာခြောက်ခု ဖွင့်ပြီးတော့ အရှိန်မြှင့် ထိုးစစ်ဆင်နိုင်ရေးကို တစ်နှစ် စီမံချက်ညှိ နှိုင်းရေးဆွဲနေပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။စစ်မျက်နှာ၆ခုဆိုတာက စစ်အုပ်စု ကို နိုင်ငံ ရေး၊ နိုင်ငံတကာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူလူထု ဆက်ဆံရေးဆိုတဲ့ နယ်ပယ်တွေမှာ ဟန်ချက်ညီညီတိုက်ခိုက်သွားမှာကို ဆိုလိုတာဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ရှင်းပြ ပါတယ်။
အဲဒီစစ်မျက်နှာ၆ခုဆိုတာကတော့ နားထောင်လို့ကောင်းအောင် ကြီးကျယ်ခမ်းနားပြတယ်လို့ပဲ ထင် ပါတယ်။ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပြိုဆင်းလာတဲ့တိုင်းပြည်စီးပွားရေးဆိုတာ ကိုဗစ်ပြ ဿနာ၊စီးပွားရေးပိတ်ဆို့မှုနဲ့ မင်းအောင်လှိုင်ရဲ့အရူးချီးပန်းစီမံခန့်ခွဲမှုတို့ကြောင့် ဖြစ်ပြီး စီးပွားရေးပြိုဆင်းလာ အောင် စွမ်းဆောင်တဲ့NUGရဲ့ ခြေရာလက်ရာတွေဘာမှမတွေ့ရလို့ပါပဲ။ထပ်ပြောရရင် တိုင်းပြည်စီးပွားပြိုလဲ လာအောင် NUGရဲ့ပါဝင်ပတ်သက်မှုက ပေါလောမျောလာတဲ့ စီးပွားရေးကို တံတွေးနဲ့ထွေးတာလောက်သာရှိ ပါတယ်။
နိုင်ငံတကာရေးရာမှာ အနောက်အုပ်စုရဲ့ သံတမန်ရေးထောက်ခံမှုအရ အားကောင်းလာတာမှန်ပေမဲ့ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထိရောက်တဲ့ ပံ့ပိုးကူညီမှုမျိုး ဒီနေ့ထိတိုင်မရရှိသေးသ လို အိမ်နီးချင်း အင်အားကြီးတရုတ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပင် အခိုင်အမာမရှိသေးဘူးလို့ ထင်မိ ပါတယ်။
NUGအစိုးရနဲ့ပတ်သက်ပြီး နောက်ထပ်အရေးတကြီးပြောရမှာက စစ်ရေးအပိုင်းပဲဖြစ်ပါတယ်။ ၂၀၂၁ခု နှစ် စက်တင်ဘာ၇ရက်နေ့၊ NUG အစိုးရက ပြည်သူ့ခုခံတော်လှန်စစ် စတင်ပြီဖြစ်ကြောင်း မကြေညာမီအချိန် ကတည်းက ကျောက်သားလွင်ပြင်ထက်ကနေ ရအောင်အမြစ်တွယ်ထိုးထွက်ခဲ့တဲ့ မြန်မာတစ်ဝန်းက PDFတပ် တွေ ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေရဲ့ကြား အခုဆိုရင် အရှိန်အဟုန်ကောင်းနေပြီဆိုတာ ငြင်းလို့ မရပါဘူး။ PDFတပ်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေက စစ်တပ်ပုံစံပြည့်ဖွဲ့စည်းထားတဲ့ PDF တပ်မ တော်ဆိုတာ ရှိပါတယ်။အဲဒီPDFတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကနေ စစ်ရေးလေ့ ကျင့်မှုမျိုး ရရှိထားပြီးဖြစ်သလို ပူးတွဲတိုက်ပွဲဝင်နေတာကြောင့်လည်း စစ်ရေးအတွေ့အကြုံအတန်အသင့် ရရှိပြီးဖြစ်ပါ တယ်။အဲဒီPDFတပ်တွေကို NUGအစိုးရက လက်နက်တပ်ဆင်ပေးမှုမျိုးရှိပြီး ဘယ်လောက် အတိုင်းအ တာ အထိ လက်နက်တပ်ဆင်ပြီးပြီလဲဆိုတာတော့ မသိပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးတွဲမရှိတဲ့ PDFတပ်ဖွဲ့တွေကတော့ ဒီနေ့ထိတိုင် ပြည်သူလှူဒါန်း ငွေအပေါ် အဓိကတည်မှီရပ်တည်နေပါတယ်။စစ်ကိုင်းနဲ့မကွေးတိုင်းထဲက အဲဒီလို PDFတွေဟာ စစ်တပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပေမဲ့ အလံတော်တလူလူလွှင်ကာ PDFရဲဘော်တွေလည်း စဉ်ဆက်မပြတ်တိုး ပွားနေပါတယ်။စစ်တပ်က ထိုးစစ်ဆင်နေတဲ့ကြား ဖြတ်တိုက်၊မိုင်းဆွဲ ပြောက်ကျားစစ်ဆင်ရေးကို အခါမလပ် လုပ်ဆောင်နေကြပြီး နေ့စဉ်စစ်သားတွေ သေဆုံးထိခိုက်မှုရှိနေပေမဲ့ PDFရဲဘော်အကျအဆုံးနည်းတာ သတင်း တွေအရ သိရပါတယ်။
အရေးပါလှတဲ့ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ဒေသခံ PDFတပ်တွေက မိုင်းတွေတအုန်းအုန်းဆွဲနေတာ ကြောင့် အကြမ်းဖက်စစ်တပ်ဟာ နေဝင်မီးငြိမ်းအချိန်တွေမှာတောင် စစ်ကားနဲ့ပေါ်ပေါ်ထင်ထင်မသွားလာရဲ တဲ့အထိ ကြောက်လာကြရပါတယ်။
ဒါပေမဲ့၊ဒေသတွင်း PDFတွေဟာ လက်နက်အင်အားသိပ်မရှိသလို ကျည်ဆန်ရှိသလောက်နဲ့ချိန်ဆကာ တိုက်ပွဲဝင်နေရတာကြောင့် စစ်ရေးအရှိန်ကို အခုထက်ပိုမြှင့်တင်ဖို့မလွယ်လှပါဘူး။NUGအစိုးရဘက်က ငွေ ကြေးထောက်ပံ့မှုတချို့ရှိပေမဲ့ လက်နက်တပ်ဆင်ပေးတယ်လို့ အခုထိမကြားမိသေးပါဘူး။
ဒေသတွင်းPDFတပ်ဖွဲ့တွေထဲမှာ NUGကာကွယ်ရေးဝန်ကြီးဌာနအသိအမှတ်ပြုတပ်ဖွဲ့တွေရှိလာတာ နည်းနည်းကြာပါပြီ။ဒါပေမဲ့,NUGအသိအမှတ်ပြုတပ်ဖွဲ့တွေကလည်း ရပ်တည်မှုအားလုံးနီးပါး ကိုယ့်ဘာသာ ရပ်တည်ရတာချည်းပါပဲ။ဒီဘက်နောက်ပိုင်းမှာ PDFမဟာမိတ်အဖွဲ့တွေ စုစည်းပြီး စစ်တပ်စခန်းတွေကို သွား တိုက်တာမျိုးရှိလာပေမဲ့ အဲဒီစုစည်းမှုဟာ သူတို့ချင်းနီးစပ်ရာနဲ့သဟဇာတဖြစ်ရာ အဖွဲ့တွေသာဖြစ်ပါတယ်။ဆို လိုတာက NUGအသိအမှတ်ပြုPDFအဖွဲ့ချင်းစုစည်းကာ NUGရဲ့ အမိန့်အောက်ကနေ သွားတိုက်တာမျိုးမဟုတ် ပါဘူး။ပြောရရင် တစ်ခုတည်းသောအမိန့်ပေးမှုအောက်ကနေ တိုက်ပွဲဝင်တာမျိုး တော်တော်ပါးရှားသေးတဲ့အ တွက် Command and Control အားနည်းနေသေးတယ်လို့ ပြောနိုင်ပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။အဲဒီအစီရင်ခံစာထဲမှာ NUG လက် အောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ် ရေးအဖွဲ့တွေဟာ တိုင်းပြည်နယ်မြေရဲ့ ၅၂ ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်စုကတော့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ တည်ငြိမ်အောင် ထိန်းထား နိုင် ကာ တိုင်းပြည်ရဲ့ ၂၃ ရာခိုင် နှုန်း လောက်မှာတော့ စစ်အုပ်စုနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ အကြား နယ် မြေထိန်းချုပ်နိုင်ရေး အားပြိုင် နေတယ်လို့ ဆိုထားပါတယ်။
SAC-M အဖွဲ့ဆိုတာ ငွေအင်အားနိုင်နိုင်နင်းနင်းနဲ့ စနစ်တကျသုတေသနပြုမှုရှိတဲ့အဖွဲ့အစည်းမို့ မှန် ကန်တဲ့အချက်အလက်တွေဖြစ်ကြောင်းအငြင်းပွားစရာမရှိသလို မြေပြင်သတင်းတွေအရလည်း PDFနဲ့တိုင်း ရင်းသားလက်နက်ကိုင်လွှမ်းမိုးဧရိယာ များပြားလာတာတွေ့ရပါတယ်။
ဒါပေမဲ့၊တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကလွဲလို့ PDFတွေလွှမ်းမိုးထားတဲ့ဒေသတွေဟာ စစ် တပ်ထိုးစစ်ဝင်လာရင် ခုခံနိုင်စွမ်းမရှိတဲ့ဒေသတွေဖြစ်နေသေးတာလည်း ငြင်းမရပါဘူး။စစ်တပ်ဟာ PDFစိုး မိုးဒေသတွေမှာ အထိုင်ချထားနိုင်တဲ့အင်အားမရှိပါဘူး။ဒါ့ကြောင့် စစ်ကြောင်းထိုးပြီး ရင် ပြန် ဆုတ် သွား လေ့ရှိပါတယ်။ရွာတွေထဲဝင်တယ်၊လုယက်မီးရှို့တယ်၊ပြည်သူမြင်ရင် သတ်တယ်။စစ်တပ်က အဲ ဒီလို ပြောင် ပြောင်တင်းတင်းကျူးလွန်နေပေမဲ့ ဒေသတွင်းPDF တွေဟာ ဟန့်တားနိုင်စွမ်းမရှိဘဲ စစ်ကြောင်း ထိုးလာတဲ့ တပ်ကို ပြောက်ကျားတိုက်ခိုက်မိုင်းဆွဲတာသာ တတ်နိုင်ပါတယ်။ဆိုလိုတာက PDFလွှမ်းမိုးဒေသ တွေဟာ အရှင်လွှမ်းမိုးနိုင်စွမ်းသာ ရှိတာပါ။
ဘာပဲဖြစ်ဖြစ် ၂၀၂၂ခုနှစ်မှာ အကြမ်းဖက်စစ်သားသေဆုံးမှုနဲ့ သေနတ်ထပ်မကိုင်နိုင်တော့တဲ့အ ဆင့် ဒဏ်ရာရရှိမှုအရေအတွက်ဟာ နေ့စဉ်ဆိုသလို အနည်းဆုံး သုံး၊လေးဆယ်ဝန်းကျင်ရှိလာနေသလို ရခိုင်၊ရှမ်းနဲ့ တနင်္သာရီ ဒေသတွေမှာ စစ်မျက်နှာထပ်ဖွင့်လာရတာဟာ မင်းအောင်လှိုင်ငယ်ထိပ်ကို ရေတပေါက်ပေါက်ကျ လာသလိုပါပဲ။
ဒါပေမဲ့၊ဒီနေ့ထိတိုင် စစ်အုပ်စုရဲ့လက်နက်ကြီးဒဏ်၊လေကြောင်းရန်နဲ့ ပြည်သူအပါ် လူလို့မထင်ဘဲ ပစ် ခတ်နေမှုတို့ကို တော်လှန်ရေးအင်အားစုတွေ လုံးဝမယှဉ်နိုင်ပါဘူး။အထူးသဖြင့် မိစ္ဆာလေယာဉ်တွေဝဲ လာပြီဆို တိုင်းရင်းသားလက်နက်ကိုင်တွေပင် နောက်ပြန်ဆုတ်လိုက်ရတာချည်းပါပဲ။
ဆိုတော့ ကျနော်တို့ရဲ့စစ်ရေးအရှိန်ကို ရှေ့တစ်လှမ်းတိုးလိုတယ်ဆိုရင် မိစ္ဆာလေယာဉ်တွေကို ထိန်း ချုပ်နိုင်ဖို့လိုပါတယ်။ အောက်တိုဘာ၇ရက်နေ့ NUGသတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေး၊ သတင်းအ ချက် အလက်နှင့် နည်းပညာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကတော့ လေယာဉ်ပစ်လက်နက်တွေ တချို့ နေရာတွေမှာ ရှိနေ ပြီလို့ကြွားစရာမဟုတ်ဘဲ ကြွားလုံးထုတ်ခဲ့ပါတယ်။တကယ်တော့ လေယာဉ်ပစ်လက် နက် ရှိနေပြီဆိုတာ နှုတ်နဲ့ထုတ်မပြောဘဲ တိုက်လေယာဉ်တစ်စီးလောက် ကျွမ်းထိုးမီးလောင်ဆင်းလာအောင် ပစ်ပြ ပြီးမှ ပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြှင့်တင်လိုက်ရမှာဖြစ်ပေမဲ့ NUGဝန်ကြီးရဲ့ စိတ်မထိန်းနိုင်တဲ့ကြွားချင်စိတ် ကြောင့် ခရီးမတွင်ဖြစ်ရပါတယ်။
ဘာပဲဖြစ်ဖြစ် လေယာဉ်ပစ်လက်နက်တွေရှိလာပြီဆိုတာ ဝမ်းမြောက်ရပေမဲ့ အဲဒီလက်နက်ကို မြန်မာ နိုင်ငံအနှံ့ဖြန့်ကျက် မချနိုင်တဲ့အခြေအနေအရ မိစ္ဆာလေယာဉ်တွေကို လက်တွေ့ထိန်းချုပ်နိုင်ဖို့ မလွယ်လှပါဘူး ။ဒါ့ကြောင့် မိစ္ဆာလေယာဉ်တွေ ဝေဟင်ပေါ် လုံးဝပျံမတက်နိုင်အောင် အတောင်ချိုးထားခြင်းသာလျှင် အင်မ တန်လက်တွေ့ကျတဲ့ ထိန်းချုပ်ခြင်းပါပဲ။စစ်လေယာဉ်တွေကို ဘယ်လိုအတောင်ချိုးကြမလဲဆိုတော့ စစ် အုပ်စု ကို လေ ယာဉ်ဆီ လုံးဝမရောင်းတဲ့နည်းလို့ ထင်ရပါတယ်။အဲဒီနည်းကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခွန် အားနဲ့ လုပ်လာခဲ့မယ်ဆိုရင် အလကားနေရင်း လေယာဉ်နဲ့တိုက်ခိုက်တာတွေ သိသာစွာလျော့ပါးသွားနိုင်ပါ မယ်။
လေကြောင်းရန်ကို မှုစရာမလိုတော့ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကနေ ထိုးစစ် တွေစတင်နိုင်ပါလိမ့်မယ်။ပြည်သူတွေမျှော်လင့်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေ၊လေကြောင်းရန်ကို မှုစရာမလိုတာ ကြောင့် သိမ်းထားတဲ့မြို့ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပြီး လွတ်မြောက်နယ်မြေ တည်ထောင်လာနိုင်ခဲ့ မယ်ဆိုရင် နိုင်ငံတကာရဲ့အမြင် ပြောင်းလဲလာမှာသေချာပါတယ်။
ဒါ့အပြင် လူထုရဲ့ စိတ်ဓာတ်အခုန် ဟုန်းခနဲ ထတောက်လာမှာဖြစ်သလို ရှေ့တန်းစစ်မြေပြင်ကနေ အုံ လိုက်ထွက်လာမယ့် CDM စစ်သားတွေကိုလည်း မျှော်လင့်လို့ရလာနိုင်ပါမယ်။အဲဒါဟာ နွေဦးတော်လှန်ရေး အောင်မြေကို တွေ့ရှိပြီဖြစ်ကြောင်း သတင်းပေးပို့ချက်လည်းဖြစ်ပါတယ်။
NUGပြောသလို တစ်နှစ်အတွင်း အောင်မြေကို လှမ်းမြင်ရမလားဆိုတော့ မြင်ခွင့်မရနိုင်ဘူးလို့ အပြတ် မပြော နိုင်ပါဘူး။ဒါပေမဲ့၊လေးလံထိုင်းမှိုင်းလွန်းလှတဲ့ NUGရဲ့ စီမံခန့်ခွဲမှုတွေကို မြန်မြန်ပြင်ဆင် နိုင်ဖို့ လည်း လိုပါလိမ့်မယ်။