ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားအောက်တွင် ပုန်းခိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဧပြီလ ၂၀ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ညနေပိုင်းထိ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းအသုံးကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြဝတီမြို့ အမှတ် ၅ရပ်ကွက် အုတ်ဖိုစုမှ ဒေသခံအများအပြားသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။
ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးရှိ ၃၅ဂိတ်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြဝတီမြို့ အုတ်ဖိုစုမှ ဒေသခံ ၄၀၀နီးပါးကို ထိုင်းအာဏာပိုင်များမှ ကူညီပေးနေကြောင်း သိရသည်။